ပြည်တွင်းထုတ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်သင်္ဘောကြီး ဗီယက်နမ် စတင်တည်ဆောက်

ဩဂုတ်လ – ၁၁ ရက်
ဗီယက်နမ်နိုင်ငံက အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်သင်္ဘောကို ကိုယ်တိုင်စတင်တည်ဆောက်နေပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီစစ်သင်္ဘောကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Song Thu သင်္ဘောကျင်းမှာ တည်ဆောက်နေတာ ဖြစ်ပြီး သင်္ဘောပေါ်မှာအသုံးပြုမယ့် လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအများစုကိုလည်း ဗီယက်နမ်နိုင်ငံအတွင်း ကိုယ်တိုင်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေနဲ့ ရေကြောင်းနယ်မြေ အငြင်းပွားမှုတွေ ရှိနေတာကြောင့် ရေတပ်စွမ်းရည်မြှင့်တင်ရေးအပါအဝင် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို အာရုံစိုက်လာခဲ့တာပါ။
အခု ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်မှုဟာ ဗီယက်နမ်ရဲ့ ရေတပ်ခေတ်မီရေးနဲ့ ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ကိုးကား – Reuters
ဓါတ်ပုံ – Reuters

Leave a Reply

Your email address will not be published. Required fields are marked *