အောက်တိုဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၄၄နှစ်ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မ ၅ခုနဲ့ စွပ်စွဲကာ တရားစွဲဆိုထားပြီး…