Homeသတင်းမြန်မာဘုရားသုံးဆူက တရုတ်ကျားဖြန့်တွေ DKBA စီစဉ်ပေးတဲ့ နေရာသစ်တွေမှာ အဆင်ပြေနေ ဘုရားသုံးဆူက တရုတ်ကျားဖြန့်တွေ DKBA စီစဉ်ပေးတဲ့ နေရာသစ်တွေမှာ အဆင်ပြေနေ August 11, 2026August 12, 2026byWai Yan ဩဂုတ် ၁၁၊ ၂၀၂၆ ထိုင်းနိုင်ငံ စံခလဘူရီဘက်မှ မြန်မာနိုင်ငံ၊ဘုရားသုံးဆူမြို့ DKBA ထိန်းချုပ်နယ်မြေထဲမှာ လုပ်ငန်း တွေ အဆင်ပြေလည်ပတ်လို့ရတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ဘက်သွားတဲ့လမ်းပိုင်းက ကျေးရွာတွေဘက်အထိ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းနေရာ ေရွှ့ပြောင်းလုပ်ကိုင်လာမှု မြင့်တက်လာနေပါတယ်။ ထိုင်း-မြန်မာနယ်စပ်၊မြဝတီမြို့ဘက်က DKBA ကျောက်ခက်ကျေးရွာက တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းနေရာတွေ ရွှေ့ပြောင်းပေးရတာမှာ လုပ်ငန်းနဲ့လူစုခွဲ ဖြန့်ကျက်လုပ်ကိုင်ဖို့ နေရာေရွှ့ပြောင်းပေးနေရတာမှာ ဘုရားသုံးဆူမြို့ဘက်က DKBAတပ်နယ်၂ တပ်နယ်မှူးစောအေဝမ်းရဲ့ထိန်းချုပ်နယ်မြေနေရာတွေမှာ ရေမီး၊ ဝိုင်ဖိုင်၊ အင်တာနက်လိုင်းတွေ အဆင်ပြေလို့ နေရာေရွှ့ပြောင်းလာနေကြတာလို့ အခြေအနေသိတဲ့သတင်း အရင်းအမြစ်က ပြောပါတယ်။ ” ဗိုလ်အေဝမ်း ရေတံခွန်တို့၊ထီးလောင်ယှူး ရေတံခွန်တို့၊တိုင်တစ်ရာကျောင်းဘက်တို့ ခြံဝင်းနေရာတွေမှာ တရုတ်တွေပြည့်နေပြီ၊အခုကထီးခိုင်ရွာဘက်၊ ကြိမ် ချောင်းရွာဘက်တွေကို နေရာသစ်တွေဆောက်ပြီး လူဖြန့်ခွဲပို့ပေးနေတယ်၊အဆောက်အဦးပြီးတာနဲ့ လူပို့တယ်၊လုံခြုံရေးချတယ်၊စားရေးသောက်ရေး၊ရေမီး၊လျှပ်စစ်၊အင်တာနက်အကုန်တပ်ဆင်ပြီး အလုပ်လုပ်နေကြတာ အဆင်ပြေတော့ ကျားဖြန့်တွေ ပြောင်းလာကြတာမျိုး ရှိတယ်” လို့ပြောပြပါတယ်။ ဒါ့အပြင် အဲဒီတရုတ်ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်သမားအဖြစ်လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေအတွက် အစားအသောက်အသုံးအဆောင်နဲ့ နိုင်ငံခြားအရက်ဘီယာ၊ ဇိမ်ခံပစ္စည်း၊ ဆေးဝါးတွေကိုလည်း ထိုင်းဘက်၊ မြန်မာဘက်က မှောင်ခိုလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် ရောင်းဝယ် ပို့ဆောင်ပေးနေတာကြောင့် ငွေလိမ်လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်လို့ အဆင်ပြေနေကြတယ်လို့ သိရပါတယ်။ ” တရုတ်ကျားဖြန့်တွေ ရောက်လာတာ သုံးဆူမှာတော့ မှောင်ခိုစီးပွားရေးကောင်းလာတယ်၊ ထိုင်းစက်သုံးဆီ၊ ကျားဖြန့်အတွက် ဘန်ကောက်ကတစ်ဆင့် ပို့လာတဲ့တန်ဖိုးကြီးအစားအသောက်၊ အရက်ဘီယာနဲ့ ဇိမ်ခံပစ္စည်းတွေ သုံးဆူဘက်ထဲကို သယ်ရ၊ပို့ရတာ သူချိတ်နဲ့သူအလုပ်ဖြစ်နေကြတယ်၊ အပြင်ထွက်သွားလာလို့မရတာတစ်ခုဘဲ၊ကျားဖြန့်နေရာတွေမှာ လိုခြင်တာအကုန်မှာလို့ သုံးလို့ရအောင် လုပ်ပေးထားတယ်” လို့ကျားဖြန့်ဆိုဒ်မှာ ကားမောင်းတဲ့ဝန်ထမ်းကပြောပြပါတယ်။ အဲ့ဒီလို တရုတ်ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ထိုင်း-မြန်မာနယ်စပ်အနီးနေရာတွေကနေ ကရင်ပြည်နယ်ထဲက တောင်တန်း၊ တောအုပ်နဲ့ လျှိုမြှောင်တွေဘက်ကို နေရာေရွှ့ပြောင်းလုပ်ကိုင်နေကြပြီး DKBA တပ်ဖွဲ့အစောင့်အရှောက်နဲ့ လုံခြုံရေးချထားလုပ်ကိုင်နေတာကြောင့် ဒေသခံကျေးရွာသားတွေ အဲ့ဒိီနေရာတွေဘက်သွားလာတာနဲ့ အလုပ်လုပ်ကိုင်ခွင့်ကိုတော့ DKBA တပ်ဖွဲ့တွေက ပေးမလုပ်ဘူးလို့ သိရပါတယ်။ အခုလို တရုတ်ကျားဖြန့်ငွေလိမ်လုပ်ငန်း၊လူကုန်ကူးအဓမ္မအလုပ်ခိုင်းစေတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ DKBA တပ်ဖွဲ့ဟာ အာဏာသိမ်းစစ်တပ်အုပ်စုနဲ့ အပစ်ရပ်လက်မှတ်ထိုးတာကြောင့် နိုင်ငံတစ်ကာအသိုက်အဝန်းက ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းဖမ်းဆီးတာမျိုးလုပ်နေပေမယ့် ကရင်ပြည်နယ်ဘက်က ကျားဖြန့်လုပ်သူတွေကို စစ်အုပ်စုနဲ့ DKBA တပ်က ထိုင်းနိုင်ငံက တစ်ဆင့် နေရပ်ပြန်ပို့တာကလွဲလို့ ဖမ်းဆီးအရေးယူတာမျိုး အခုအချိန်အထိ့လုပ်ဆောင်တာမျိုးမရှိသေးပါဘူး။
မြဝတီမြို့တွင်းရပ်ကွက်မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တာကို ပြုလုပ်နေ ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၄ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ခန့်ထားတဲ့ ရပ်ကွက်လူကြီးတွေက ဧည့်စာရင်းစစ်တာကို လိုက်လံပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ ဥပဒေကို…
သီလယူတရားနာပြီးချိန် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၄ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာရ။ By – ထက်မြတ် Date – August 22, 2026 စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ဆွဲလွဲအိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သြဂုတ်…
ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကရဟတ်ယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက် နိုဝင်ဘာလ ၂၅ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်တယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဘက်က Mi (35) ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။ နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လည်၁၂နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်မှ…