ဇွန်လ – ၂၄ ရက်
အမေရိကန်နဲ့ အီရန်ဟာ နျူကလီးယားအစီအစဉ်နဲ့ သက်ဆိုင်တဲ့ ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နေပြီး၊ အမေရိကန်အစိုးရက အီရန်ရေနံရောင်းဝယ်မှုအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆိုမှုအချိုကို ရက်ပေါင်း ၆၀ ကြာ ယာယီလျှော့ပေါ့ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ယာယီခွင့်ပြုချက်အရ အီရန်ဟာ ရေနံနှင့် ရေနံထွက်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်အတွင်း တရားဝင်ရောင်းချနိုင်မှာဖြစ်ပြီး သယ်ယူပိုဆောင်ရေး၊ ဘဏ်လုပ်ငန်းနဲ့ အာမခံဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီလျှော့ပေါ့မှုဟာ ယာယီသာဖြစ်ပြီး နောက်ဆုံးသဘောတူညီချက် မရရှိသေးတဲ့အတွက် အခြေအနေများ ပြောင်းလဲနိုင်ကြောင်း အမေရိကန်ဘက်က ပြောကြားထားပါတယ်။
အီရန်အနေနဲ့ နိုင်ငံတကာ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ (IAEA) ရဲ့ စစ်ဆေးမှုတွေကို လက်ခံဖို သဘောတူထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အီရန်အစိုးရကတော့ ငြင်းဆိုထားပါတယ်။
အီရန်အနေနဲ့ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်အသစ် မရှိသေးကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
စွမ်းအင်ဈေးကွက်အတွင်း အီရန်ရေနံ ပြန်လည်ဝင်ရောက်လာနိုင်တဲ့ မျှော်လင့်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းခဲ့ပြီး၊ အာရှနိုင်ငံအချိုက ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းပါးနေပေ မယ့် တရုတ်နိုင်ငံကတော့ အဓိကဝယ်ယူသူအဖြစ် ဆက်လက်ရှိနေတာပါ။
ကိုးကား – The New York Times