မြဝတီ-မဲဆောက်မှာ ထိုင်းဘတ်ငွေတစ်ထောင်ဘတ်တန်အတုတွေတွေ့ရှိနေလို့ စစ်ဆေးပြီးမှ လက်ခံ ရောင်းဝယ်နေရ

ဇွန် ၈၊ ၂၀၂၆

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့နဲ့မဲဆောက်မြို့ဘက်မှာ အခုတလောထိုင်းဘတ်ငွေတစ်ထောင်ဘတ်တန် ငွေစက္ကူများအတုတွေ့ရှိမှုရှိလာတာကြောင့် စတိုးဆိုင်၊ ကုန်တိုက်နဲ့ အပြင်လက်လီ၊ လက္ကားကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်တွေမှာ ငွေအတုအစစ် စမ်းသပ်ပြီးမှ အရောင်းအဝယ်လုပ်ကြတဲ့ အခြေအနေရှိလာနေတယ်လို့ လက်လီဈေးဆိုင်ရှင်တွေက PRMကိုပြောပါတယ်။

အရင်လပိုင်းတွေက မဲဆောက်မြို့ဘက်မှာသာ ဘတ်တစ်ထောင်တန်ငွေစက္ကူနဲ့ ဝယ်ယူသူရဲ့ငွေကို အတုအစစ်စမ်းသပ်တဲ့ ဘောပင်ဖြင့် ရေးခြစ်ကြည့်ပြီး မှင်မထင်ပါကဝယ်ယူခွင့်၊‌ ငွေချေခွင့်ပြုလုပ်ပေး ေနတဲ့အခြေအနေကနေ မြဝတီမြို့ဘက်အထိပါ ဘတ်ငွေတစ်ထောင်တန်တွေ ပြန့်နှံလာတာလို့ မြဝတီက စတိုးဆိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့က မြဝတီဆိုင်အတွက် မဲဆောက်မှာ ဈေးဝယ်ရင်ဒိုင်တွေမှာ ငွေရှင်းတော့ ဘတ်တစ်ထောင်တန်အတု ၂ရွက်ပါတယ်ဆိုတာပြောလာတော့ငွေတုနဲ့ ဈေးလာဝယ်တာခံလိုက်ရတယ်ဆိုတာ သိလာတယ်၊ အခု‌တော့ မဲဆောက်ဆိုင်တွေမှာ ငွေအတုစစ်တဲ့ ဘောပင်နဲ့ ပိုက်ဆံကိုခြစ်ကြည့်တယ်၊ မှင်မထင်ရင် အစစ်၊ မှင်ခြစ်ရာထင်ရင်အတုပေါ့ ၊ အဲ့တာမျိုးစစ်ကြည့် ပြီးမှ ငွေယူရဲ တော့တယ်၊ တစ်ချို့ဆိုင်တွေကတော့ ဘာမှစမ်းသပ်မနေဘူး၊ ထိုင်းဘတ်‌ငွေတစ်ထောင်တန်မယူပါလို့ စာချိတ်ထားလိုက်တယ်”လို့ မြဝတီမြို့က စတိုးဆိုင်ရှင်က ပြောပါတယ်။

အခုလို ထိုင်းငွေစက္ကူတစ်ထောင်ဘတ်တန်အတုတွေ ပေါ်ထွက်နေတာနဲ့ပတ်သက်ပြီး မဲဆောက်မြို့ဘက်မှာတော့ အရောင်းအဝယ်လုပ်ကြတာနဲ့ ဈေးဆိုင်တွေမှာတော့ အတုအစစ်စစ်ဆေးပြီးမှ ဈေးရောင်းကြတာမျိုးဖြစ်နေတာကြာပြီလို့ သိရပါတယ်။

မဲဆောက်မှာဘတ်ထောင်တန်ဆိုကုန်တိုက်တို့၊ 7/11စတိုးဆိုင်တို့ ဆိုရင် တစ်ရွက်ခြင်း မှင်ခြစ်ကြည့်ပြီးမှယူတယ်၊ မြန်မာဈေးဆိုင်တွေကတော့
ဘတ်အသစ်ပုံစံမျိုးဖြစ်နေရင်မယူဘူး တစ်ခြား ဘတ်ငါးရာ၊ တစ်ရာတန် ပါလားမေးပြီး ဈေးရောင်းတယ်၊ တစ်‌ထောင်တန်အတုဖြစ်နေမှာ စိုးရိမ်တယ်၊ မြို့ထဲ လက်က္ကားဒိုင်တွေမှာ အတုဆိုရင် ထိုင်းရဲကိုခေါ်တာမျိုးကြုံရဘူးတော့ တစ်ထောင်တန်ဆို ခပ်လန့်လန့် ဖြစ်နေတယ်၊ ယူရရောင်းရမှာ” လို့ ရပ်ကွက်ထဲက မြန်မာကုန်စုံဆိုင်ရှင်ကဆိုပါတယ်။

အခုလို ထိုင်း−မြန်မာနယ်စပ်မှဘတ်တစ်ထောင်တန် ငွေအတုတွေ မြဝတီမြို့ဘက်အထိ ပြန်နှံလာနေတဲ့ အပေါ် ထိုင်းငွေကြေးသုံးစွဲပြီး ရောင်းဝယ်ရတဲ့သူတွေအနေနဲ့ များများစားစားအတုတွေတွေ့ရတာမျိုးတော့ မဟုတ်သေးပေမယ့် ငွေကြေးတန်ဖိုးကွာဟတာကြောင့် တစ်ရွက်အတုမိရင် မြန်မာငွေသိန်းချီနစ်နာ ဆုံးရှုံးရတာမျိုးရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *