မလေးရှားမှာ အသက် ၁၆ နှစ်အောက်လူငယ်တွေ လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်

ဇွန်လ – ၃ ရက်
အသက် ၁၆ နှစ်အောက် ကလေးများနဲ့ လူငယ်တွေကို လူမှုကွန်ရက် (Social Media) အကောင့်အသစ်များ ဖွင့်လှစ်ခွင့်မပြုတဲ့ စည်းမျဉ်းသစ်ကို ဇွန်လ ၁ ရက်နေ့က စတင် အကောင်အထည်ဖော်လိုက်ပြီးဖြစ်တယ်လို့ မလေးရှားနိုင်ငံ ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စည်းမျဉ်းသစ်အရ လူမှုကွန်ရက်ပလက်ဖောင်းကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေရဲ့ အသက်အရွယ်ကို စစ်ဆေးအတည်ပြုပေးရမှာဖြစ်ပြီး အသက် ၁၆ နှစ်မပြည့်သေးသူတွေကို အကောင့်ဖွင့်လှစ်ခွင့် မပြုရဘူးလို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ ဒီအစီအစဉ်ဟာ ကလေးတွေကို အန္တရာယ်ရှိတဲ့ အွန်လိုင်းအကြောင်းအရာများ၊ ဆိုက်ဘာအနိုင်ကျင့်မှုများနဲ့ လူမှုကွန်ရက်အသုံးပြုမှုရဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
စည်းမျဉ်းကို လိုက်နာမှုမရှိတဲ့ ပလက်ဖောင်းတွေကို ငွေဒဏ်များ ချမှတ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။
ဒီစည်းမျဉ်းသစ်ဟာ Facebook၊ Instagram၊ TikTok နဲ့ YouTube ပလင်ဖောင်းတွေမှာ အသုံးပြုသူ ၈ သန်းကျော်အတွက် အကျုံးဝင်မှာဖြစ်ပြီး မလေးရှားဟာ ကလေးတွေကို လူမှုကွန်ရက်အသုံးပြုမှု ကန့်သတ်တဲ့ နိုင်ငံများထဲ ပါဝင်လာတာလည်း ဖြစ်ပါတယ်။
ကိုးကား – reuters
ဓါတ်ပုံ – reuters

Leave a Reply

Your email address will not be published. Required fields are marked *