အာရှလမ်းဖွင့်ပြီးနောက်တစ်ရက် အကြမ်းဖက် တပ်မ၂၂စစ်တပ်က လူတစ်ယောက်လမ်းကြေးကျပ်တစ်သောင်းတောင်းယူနေ

Photos

By – People’s Radio Myanmar
Date – 3 April 2026

ကရင်ပြည်နယ် မြဝတီ အကြမ်းဖက်စစ်တပ် တပ်မ၂၂တပ်က ဖားချောင်း၊ မဲကနယ် အာရှလမ်းသစ် လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်ချပြီး ယာဉ်မောင်းအပါခရီးသည်တစ်‌‌ယောက်ကို လမ်းဖြတ်ခဂိတ်ကြေးတစ်သောင်းကျပ်တောင်းယူနေလို မြဝတီမြိုခံတွေအကြားဝေဖန်မှုမြင့်တက်နေပါတယ်။

မနေ့က ဧပြီလ ၂ရက်မှာ အာရှလမ်းသစ်ကို စစ်တပ်က အင်အားထောင်ချီ လမ်းလုံခြုံရေးချထားပြီး လမ်းဖွင့် ပွဲလုပ်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်း အာရှလမ်းကနေ ဖားအံ၊ မော်လမြိုင်ဘက်ကိုသွားမယ့် ခရီးသည်ကားတွေကို ကားပေါ် ပါလာတဲ့ လူဦးရေအလိုက် လူတစ်ဦးတစ်သောင်းကျပ်တောင်းယူနေပြီး မပေးခြင်ပါကနောက်ပြန်လှည်ရန် ခြိမ်းခြောက်ပြောဆိုခံရတဲ့အကြောင်း မျက်မြင်ငွေပေးခဲ့ရသူက PRM ကို အခုလို ပြောပါတယ်။

” ကျမတို ဖားအံက မနက်ပိုင်း မြဝတီကို တက်လာတာကုန်သွယ်ရေးဇုန်နားက ဖားချောင်းစစ်တပ် စစ်ကတုတ် ဂိတ်မှာ စောင့်တဲ့ စစ်သားတွေက ကားပေါ် ဘယ်နှစ်‌‌ ယောက်ပါလဲမေးတယ်၊ လေးယောက်လိုဖြေတော့ ကားသမားအပါ ငါးသောင်းတောင်းတယ်၊ ဘာဖြစ်လိုလည်းမေးတော့မပေးခြင်နောက်ပြန်လှည့်တဲ့၊ လမ်းဖြတ်လာခဂိတ်ကြေးတောင်းတာတဲ့လိုပြောပြီး ပိုက်ဆံတောင်းတော့ပေးခဲ့ရတယ်၊ ယူနီ ဖောင်းကတော့၂၂ ဘတ်တံဆိပ်နဲ့စစ်သားတွေ၊ အိမ်ပြန် ရောက်ပြီးသိပ်မကြာဘူးကျမတိုလိုပေးရတဲ့သူတွေလိုင်းပေါ် တင်ကြပြီ” လိုပြောပါတယ်။

အခုလို လမ်းပြန်ဖွင့်ပြီး နောက်ရက်မှ စစ်တပ်က အဓမ္မ ငွေတောင်းယူနေတာနဲ့ ပတ်သက်ပြီး မြဝတီမြိုခံ နေထိုင်သူတွေအပြင် ကုန်စည်ကားတွေကိုပါ ငွေတောင်းတဲ့ စစ်တပ်ဂိတ်တွေထပ်ပြီးပေါ် လာရင်ခရီးသွားလာရတာမလုံခြုံတဲ့အပြင် စစ်တပ်ရဲ့ ခြိမ်းခြောက်ငွေတောင်းတာကို ပေးပြီးမှ သွားလာလို ရမယ့် အခြေအနေဖြစ်လာနေပါတယ်။

အခုလို စစ်တပ်ကလူတစ်ယာက်လမ်းဖြတ်ခ တစ်သောင်းတောင်းယူနေတာနဲ့ပတ်သက်ပြီးမြဝတီက စစ်တပ်အုပ်စု၊ စစ်တပ်ထောက်ခံသူအုပ်စုနဲ့
စစ်တပ်နဲ့ အပစ်ရပ်ထားပြီး စီးပွားရေးလုပ်နေကြတဲ့ အဖွဲ အစည်းတွေကတော့ တစ်စုံတစ်ရာပြောဆိုတာမျိုးမရှိသေးပါဘူး။

အရင်က လက်နက်ကိုင်အဖွဲတွေဖောက်ထားတဲ့ ထိုကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ BGF လမ်းတွေကိုတော့ စစ်တပ်က သွားလာခွင့်ပိတ်ခိုင်းထားပြီးအာရှလမ်းကိုတော့ စစ်တပ်ကထိန်းချုပ်နိုင်လို အများပြည်သူ လွတ်လပ်စွာသွားလာရတဲ့ လမ်းအဖြစ်ပုံဖော်နေပေမယ့် အောက်ခြေစစ်တပ်တွေက ခရီးသွားသူ တွေအပေါ် ခြိမ်းခြောက် ငွေတောင်းနေတာပါ။

စစ်တပ်ကအခုလို ခြိမ်းခြောက်ငွေတောင်းတဲ့လုပ်ရပ်ဟာ စစ်တပ်နဲ့ ‌‌‌‌‌‌‌‌‌‌အကျိုးတူလုပ်ကိုင်နေတဲ့စီးပွားရေးသမားတွေ လက်နက်ကိုင်အဖွဲအစည်းတွေအတွက်တော့ ထိခိုက်နစ်နာတာမျိုးမရှိပေမယ့် ဒေသခံအများပြည်သူ ‌‌နဲ့ မြဝတီမြိုကို ခရီးသွားလာရောက်သူတွေအတွက်တော့ငွေ နဲ့ ဆက်ပြီးခရီးသွားနေရတယ်လိုမြဝတီမြိုခံတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *