ဝေါလေစစ်ဗျူဟာကုန်း တိုက်ပွဲပြင်းထန်နေပေမယ့် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်လိုရနေ

Photos

_
By – People’s Radio Myanmar
Date – 8 April 2026

ထိုင်းမြန်မာနယ်စပ် မြဝတီမြိုနယ် အပိုင်ဝေါလေမြိုဘက်က အကြမ်းဖက်စစ်တပ်ဗျူဟာစခန်းကို မတ်လ၃၀ရက်ကနေ အခုဧပြီ၇ရက်အထိ KNLA မဟာမိတ်တပ်တွေ ၈ရက်မြောက် ဆက်လက်တိုက်ခိုက်နေလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ခုခံ တိုက်ခိုက်နေရတယ်လို သိရပါတယ်။

အဲဒီလို စစ်စခန်းမကျရေး လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာမှာ တိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားရပ်ကွက်နဲ့ ကျေးရွာတွေဘက်က နေအိမ်တွေ ဘုန်းကြီးကျောင်းအပါအဝင်၊ စာသင်ကျောင်းတွေကိုပါ ဗုံးကြဲဖျက်စီးနေလို ဒေသခံတစ်ထောင်ကျော် ထိုင်းနိုင်ငံဘက် စစ်ရှောင်ထွက်ပြေးနေရပါတယ်။

အခုလို ဒေသခံတွေစစ်ရှောင်နေရပေမယ့် ဝေါလေဒေသထဲက တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းနေရာတွေက တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားနဲ့ မြန်မာအလုပ်သမားတွေ ငွေလိမ်အလုပ်ဆက်လုပ်နေရတယ်လို အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားမိသားစုဝင်တစ်ဦးက PRM ကို ပြောပါတယ်။

“တိုက်ပွဲဖြစ် နေတာတစ်ပတ်ကျော်ပြီလေ၊ ဗုံးကနေ့တိုင်းလေယာဉ်လာကြဲနေတာဘဲ၊ ရပ်ကွက်‌တွေ၊ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေပျက်စီးနေပြီ၊ ဒါ‌ပေမယ့် တရုတ်ခြံ တွေကတော့ အလုပ်မပျက်ဘူး၊ ဆက်လုပ်နေတယ်၊ မြန်မာတွေနိုင်ငံခြားသားတွေ အဲ့အထဲမှာဘဲရှိနေတယ်၊ သူတိုဘက်ကို ကျည်မကျဘူး၊ ဗုံးလည်းမကျဘူး၊ လေယာဉ်လည်းမကြဲဘူး၊ တိုက်ပွဲဖြစ်နေတာနဲ့က သိပ်မဝေးဘူးလေ” ဟု အမည်မဖော်လိုတဲ့အမျိုးသမီးက ပြောပါတယ်။

အဲဒီတရုတ်ကျားဖြန့်ငွေလိမ်ခြံ‌‌ဝင်းတွေဟာ ဝေါလေမြို ထိုင်းဘက်ကမ်းအနီးနေရာမှာ တိုက်တန်းလျှားခြံဝင်းတွေနဲ့ လုပ်ကိုင်နေထိုင်နေသလို၊ ဝေါလေမြိုအဝင် ဝါးမီးထကျေးရွာ ထိုင်းမြန်မာနယ်စပ်အနီးနေရာမှာလည်း တိုက်တန်းလျှားအဆောင်တွေ ဆယ်လုံးထက်မနည်းရှိနေတဲ့ ခြံဝင်းနေရာ၃ခုလောက်ရှိနေတယ်လိုသိရပါတယ်။

လတ်တလောနေ့ရောညပါ ဝေါ‌လေမြိုကို လေကြောင်းက တိုက်ခိုက်နေတဲ့လေယာဉ်တွေအဲဒိ့ ကျားဖြန့် ငွေလိမ်ခြံဝင်းတွေပေါ်က ဖြတ်ပျံပြီးဝေါစစ်ဗျူဟာမကျရေးဗုံးကြဲနေတာဟာ DKBA တပ်ဖွဲပိုင်တဲ့ကျားဖြန့် ခြံဝင်းတွေဖြစ်နေလို ဗုံးမကြဲ ‌‌‌‌‌တာလို DKBA တပ်ဖွဲ နဲ့ နီးစပ်ပြီးကျားဖြန့် ခြံဝင်းတွေ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

” ဝေါလေကိုအုပ်ချုပ်တာက DKBA ဗိုလ်မှူးဖူးရွှေဝတို ဖူးစတီးတိုဘဲလေ၊ အဲဒီကျားဖြန့်ရုံတွေကသူတို နဲ့ ပူးပေါင်းလုပ်တာဆိုတော့ ကျည်မကျသေးဘူး၊ ဗျူဟာစစ်တပ်နဲ့လည်းကောင်းတဲ့ ဆက်ဆံရေးရှိ တော့လေ‌ယာဉ်ကြဲတာ ကျားဖြန့်တွေဘက်မပါဘူး” လို ပြောပါတယ်။

ဒီကနေ့ ဧပြီ ၈ရက်နေ့အထိကတော့ ဝေါလေစစ်ဗျူဟာစခန်းကုန်းနေရာအနီးတစ်ဝိုက်မှာ KNLA မဟာမိတ်တပ်တွေနဲ့တိုက်ပွဲတွေဆက်ဖြစ်နေပြီး လေကြောင်းဗုံးကြဲတာတွေ ဆက်ရှိနေတယ်လို သိရပါတယ်။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *