Photos
မြစ်ကြီးနားမြိုတွင် သွားလာခွင့်ကန့်သတ်မှုနှင့် ယာဉ်ဖမ်းဆီးမှုများကြောင့် ပြည်သူများ စားဝတ်နေရေး ကျပ်တည်းလာ
ဧပြီ ၊ ၂ ၊ ၂၀၂၆
စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ သွားလာရေးကန့်သတ်မှုဥပဒေတွေကြောင့် မြစ်ကြီးနားမြိုမှာ ဒေသခံပြည်သူတွေနဲ့ အခြေခံ လက်လုပ်လက်စားပြည်သူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
အဆိုပါ ကန့်သတ်ချက်တွေအထဲမှာ ဗုဒ္ဓဟူးနေ့တိုင်း ဆီသုံးစွဲသည့်ယာဉ်တွေ သွားလာခွင့်ကို ပိတ်ပင်ထာားတာကြောင့် မြိုတွင်း စျေးရောင်းချသူတွေအနေနဲ့ ဈေးရောင်းမသွားနိုင်တော့ဘဲ ဈေးတန်းတွေမှာ လူမရှိဘဲ ခြောက်ကပ်လို နေပါတယ်။
“ကျွန်မတိုက တနေ့လုပ်မှ တနေ့စားရတာပါ။ ဗုဒ္ဓဟူးနေ့မှာ ဆီသုံးယာဉ်တွေ မသွားရဘူးဆိုတော့ စျေးရောင်းထွက်ဖို လုံးဝမဖြစ်နိုင်တော့ဘူး။ တစ်နေ့ဝင်ငွေရပ်သွားတာဟာ ကျွန်မတိုမိသားစုအတွက် အများကြီး ထိခိုက်ပါတယ်” လို ဈေးသည်တဦးက Manau Voice ကိုပြောပါတယ်။
အခုလို ဆီသုံးယာဉ်သွားလာခွင့်ပိတ်ပင်ထားပြီး ဖမ်းဆီးမှုတွေလုပ်နေတဲ့အတွက် ဈေးသည်တွေမရှိတာကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေရပြန်ပါတယ်။
“မနက်စျေးသွားတော့ စျေးသည်တွေ မရှိသလောက်ပဲ။ ဟင်းချက်စရာ ဝယ်မရလို အိမ်ကို ဒီအတိုင်း ပြန်လာခဲ့ရတယ်” လို မြစ်ကြီးနားမြိုခံ ပြည်သူတဦးကပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ ‘ခရီးမသွားဖိုနဲ့ ကားမသုံးဖို’ ဆိုတဲ့ ညွှန်ကြားချက်ဟာ အစိုးရဝန်ထမ်းတွေကိုပဲ ရည်ညွှန်းတာဖြစ်ပြီး သာမန်အရပ်သားပြည်သူတွေနဲ့ မဆိုင်ဘူးလို ဥပဒေကျွမ်းကျင်သူ ရှေ့နေတစ်ဦးက လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြထားပါတယ်။
“ဒီညွှန်ကြားချက်ဟာ ဝန်ထမ်းတွေကို Work from Home လုပ်ဖို ညွှန်ကြားတာဖြစ်ပြီး ပြည်သူအားလုံးကို နေအိမ်အကျယ်ချုပ် (Curfew) သတ်မှတ်တာမဟုတ်ပါဘူး။ ဒါကို အသုံးချပြီး လမ်းပေါ်က ပြည်သူတွေကို တားဆီးဖမ်းဆီးတာဟာ ဥပဒေစကားရပ်ကို အလွဲသုံးစားလုပ်တာဖြစ်သလို၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်တာဖြစ်ပါတယ်” လို ဥပဒေရှေ့နေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ မြစ်ကြီးနားမြိုထဲမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ‘ဥပဒေသစ်’ ထွက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့ ယာဉ်တွေကိုလည်း ပြန်ထုတ်မပေးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြိုမှာ စစ်ကောင်စီက ၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ကနေစတင်ပြီး စက်သုံးဆီရှားပါးမှုကိုကာကွယ်ဖိုအကြောင်းပြချက်နဲ့ သွားလာရေးကန့်သတ်ချက်တွေကို ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းတွေအတွက်တော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးတက်စရာမလိုဘဲ အိမ်ကနေအလုပ်လုပ်ဖို Work From Home ကြေငြာထားပါတယ်။
#mamauvoice #Peopleradiomyanmar #မြစ်ကြီးနား