Photos
နှစ်ပေါင်း (၅၀)ကျော်အတွင်း ပထမဆုံးလူလိုက်ပါတဲ့ လကမ္ဘာမစ်ရှင်ဖြစ်တဲ့ Artemis IIကို နာဆာအဖွဲက လွှတ်တင်
နှစ်ပေါင်း(၅၀)ကျော်အတွင်း ပထမဆုံးလူလိုက်ပါတဲ့ လကမ္ဘာမစ်ရှင်ဖြစ်တဲ့ Artemis IIကို နာဆာအဖွဲက ဧပြီလ(၁)ရက်နေ့မှာလွှတ်တင်ခဲ့တယ်လိုသိရပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချိန်ခနတာ နှောင့်နှေးမှုတွေအပြီးမှာ နာဆာအဖွဲက အာကာသယာဉ်မှူးတွေဖြစ်တဲ့ Reid Wiseman၊ Victor Glover၊ Jeremy Hansenနဲ့ Christina Koch တိုကို တင်ဆောင်လာတဲ့ ဒုံးပျံတစ်စင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ကန်နက်ဒီ အာကာသစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်တယ်လိုလည်း သိရပါတယ်။
သူတိုရဲ့ (၁၀)ရက်ကြာခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အာကာသယာဉ်မှူးတွေဟာ လကမ္ဘာကိုပတ်ပြီး Orion အာကာသယာဉ်နဲ့ ကမ္ဘာမြေပေါ်ကို ပြန်လည်ဆင်းသက်လာမှာဖြစ်တယ်လိုလည်း သိရပါတယ်။
အဲ့ဒီမစ်ရှင်ဟာ (၁၉၇၂)ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Apollo 17 မစ်ရှင်အပြီး ကမ္ဘာမြေပေါ်ကနေလွှတ်တင်ခဲ့တဲ့ ပထမဆုံးလူလိုက်ပါတဲ့ လကမ္ဘာမစ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။
Orion အာကာသယာဉ်ဟာ ဧပြီလ (၆) ရက်နေ့မှာ လကမ္ဘာကို ပတ်ဖိုစီစဉ်ထားတယ်လို သိရပါတယ်။
ဒါ့ပြင် အာကာသယာဉ်မှူးတွေဟာ သမိုင်းတစ်လျှောက် ကမ္ဘာမြေကနေ လူသားတွေရောက်ဖူးတဲ့ အကွာအဝေးထက် ပိုမိုကွာဝေးတဲ့ခရီးစဉ်ကိုသွားကြမှာဖြစ်ပြီး Apollo 13 မစ်ရှင်ကတင်ထားတဲ့ (၄၀၀၁၇၁) ကီလိုမီတာစံချိန်ကို ကျော်လွန်သွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။
#peopleradiomyanmar #dailynews #နိုင်ငံတကာ