ဖားအံမြို့နယ်မှာ သံလွင်မြစ်ရေကြီးချိန် သူခိုးရန်ကြောင့် အများစုက ရေဘေးမရှောင်လိုကြ

ဩဂုတ် ၁၂ ၊ ၂၀၂၆
ကရင်ပြည်နယ် ဖားအံမြို့ပေါ်ရပ်ကွက်အချို့မှာ သံလွင်မြစ်ရေ ဝါခေါင်လဆန်းပင်လယ်ဒီရေတိုးရက် ဖြစ်တာကြောင့် မြစ်ရေတိုးပြီး မြေနိမ့်ပိုင်းရပ်ကွက်လူနေအိမ်တွေ ရေကြီးရေလွှမ်းနေပါတယ်။
လက်ရှိ စစ်အုပ်စု ကယ်ဆယ်ရေးအစီအစဉ်အရ ရေးဘေးရှောင်ယာယီစခန်းများဖွင့်လှစ်ကာနေရာ ချထားပေးသော်လည် လက်လုပ်လက်စားမိသားစုများသာ ပြောင်းရွေ့ကြပြီး အများစုမှာ နေအိမ်အသုံး အဆောင်များ ရေဘေးရှောင်စဉ် ဖောက်ထွင်းခိုးယူခံရတဲ့အခြေအနေကြုံရဘူးတာကြောင့် နေအိမ်မှာပင် ဆက်လက်နေထိုင်နေကြတယ်လို့ ဆယ်အိမ်စုရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
” ရေးဘေးစခန်းပြောင်းတယ်ဆိုတာက လက်လုပ်လက်စားနေ့စားသမားမိသားစုတွေ၊ ပျံကျ နေနေကြတဲ့သူတွေသူတို့တဲတွေ၊ အိမ်တွေမြုတ်တော့ပြေးလာကြတာပေါ့ ၊ ပစ္စည်းရှိတဲ့သူ၊ စီးပွား ရေးအဆင်ပြေတဲ့သူကြတော့ ရေဘေးစခန်းမလာဘူး၊ အိမ်ပေါ်ထပ်ပစ္စည်းရွေ့ပြီးနေကြတယ်၊ လူကြီးတွေကို မြို့ပေါ်ဆွေမျိုးအိမ်တွေပို့ရှောင်ကြတယ်၊ အိမ်ရှိလူကုန်ရှောင်ရင် ရေကြီးတိုင်းအိမ်ဖောက်ခိုးခံရတာများပြီဆိုတော့ သူခိုးရန်ကြောက်ပြီး မရှောင်ကြတဲ့သူများတယ် ” လို့ ပြောပြပါတယ်။
ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာအထက် ၃ ပေ ကျော်လွန်ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းနေပါက မြစ်ရေ
ထပ်မံမြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့ စစ်အုပ်စုဖားအံမိုးလေဝသဌာနက ဩဂုတ် ၁၁ ရက်နေ့မှာ သတိပေးထားပါတယ်။
ဖားအံမြို့မှာ သံလွင်မြစ်ရေ မြင့်တက်လာမှုနဲ့အတူ မိုးရေများပြီး မြောင်းရေလျှံမှုကြောင့် ရပ်ကွက်တချို့က အနိမ့်ပိုင်းနေရာတွေ၊ မြို့တွင်းလမ်းမကြီးတွေ ရေဝင်ရောက်လာပြီးနောက် ကျေးရွာရပ်ကွက်တွေမှာရေလွမ်းရေဝင်နေလို့ စာသင်ကျောင်းနဲ့ အာကစားခန်းမတွေမှာ ရပ်ကွက်ကျေးရွာ၁၁စုကဒေသခံတွေအတွက် အစားအသာက်ဝေငှဖို့ နဲ့ယာယီနေထိုင်ဖို့ ရေဘေးရှောင်စခန်း ၂၇ ဖွင့်လှစ်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလို ဖားအံမြို့မှာ ရေကြီးရေလွှမ်းတာဟာ ၂၀၁၈ခုနှစ် နောက်ပိုင်း နှစ်စဉ် မိုးရာသီ၊ ဝါဆို ၊ ဝါ‌ခေါင်လရောက်တိုင်း မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းစဉ်တောင်ကျရေ၊ ချောင်းရေနှင့် မုတ္တမပင်လယ်ဒီရေ တိုးရက်ဆုံချိန်တွင် သံလွင်မြစ် ရေကြီးလာပြီး ရပ်ကွက်ကျေးရွာတွေ ရေကြီးရေလွမ်းမှုကို နှစ်စဉ်မိုးရာသီရောက်တိုင်းတစ်လနီးပါးကြုံတွေ့နေရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *