ကော့ကရိတ်မြို့မှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ကုန်ပစ္စည်းသယ်ဆောင်စရိတ်အဆမတန်ဈေးနှုန်းမြင့်တက်နေ
ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးကို လည်းပိတ်ထားရတာပြီး မြဝတီကိုကုန်ပစ္စည်းသယ်ဆောင်စရိတ်တွေလည်း အဆမတန်ဈေး မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီဇင်ဘာလ ၁ရက်နေ့က ကော့ကရိတ်မြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးကိုလည်း ပိတ်ထားခဲ့ရပြီး မွန်ပြည်နယ်ဘက်ကနေ…