တိုက်ပွဲတွေငြိမ်သက်နေတဲ့ တောင်ကလေးကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ဒေသခံတစ်ချိုု့ထွက်ပြေးတိမ်းရှောင်နေရ
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့က တောင်ကလေးကျေးရွာနဲ့အနီးအနားကျေးရွာတွေမှာ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာဒေသခံတစ်ချို့မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဒီဇင်ဘာလဒုတိယအပတ်လောက်ကနေစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်တပ်ရဲ့ မုဒုံအမြှောက်တပ်နဲ့တောင်ကလေးစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ ကြောင့်တောင်ကလေးကျေးရွာအနီးက ပေါလောကျေးရွာအတွင်းမှာလည်းလက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ဒေသခံတွေမှာဘုရားသုံးဆူမြို့နဲ့ဘက်တွေကို သွား…