၃လနီးပါးကြားတဲ့နေရပ်မပြန်နိုင်သေးတဲ့ ကော့ကရိတ်မြို့က စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအတွက် ပိုမိုခက်ခဲလာ
ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၁ရက်နေ့က နေအခုဖေဖော်ဝါရီလ ၂၁ရက်နေ့အထိကို စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေမှာ ၃လနီးပါးကြားတဲ့အထိ နေရပါမပြန်နိုင်သေးပဲ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။ ကော့ကရိတ်မြို့က စစ်ရှောင်ပြည်သူ၂၀၀၀၀…