ရေးမြို့နယ်တစ်နေရာတွင်ထွေအုပ်ခရိုင်မှူးလိုက်ပါလာတဲ့ယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရလို့ ၁ဦးသေဆုံး
ဖေဖော်ဝါရီလ ၂၈ရက်၊၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ရေးမြို့နယ်တစ်နေရာတွင် စစ်ကောင်စီတပ်လက်အောက်ခံအထွေထွေ အုပ်ချုပ်ရေးဌာနမှ ခရိုင်မှူးလိုက်ပါလာတဲ့ ယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာကြောင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်အစောပိုင်းအချိန်မှာ ရေးမြို့ကနေလမိုင်းကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ခရိုင်မှူးယာဉ်တန်း စံပြကျေးရွာအနီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်သား၁ဦးသေဆုံးကာ ၁ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။…