ကော့ကရိတ်မြို့တွင်းပြန်မနေတဲ့ အိမ်၊ခြံတွေကို သိမ်းမယ်လို့ စစ်ကောင်စီခန့်အုပ်ချုပ်ေရးမှူးက လိုက်လံပြောဆိုနေ
မေလ ၃ရက် ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင်းက ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အိမ်၊ခြံတွေကို သိမ်မယ်ဆိုပြီးစစ်ကောင်စီတပ်ခန့်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကလိုက်လံပြောဆိုနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဧပြီလ နောက်ဆုံးအပတ်လောက်ကနေစပြီး ကော့ကရိတ်မြို့အတွင်းရှိ ရပ်ကွက်တွေကနေအိမ်တွေကို လူနေထိုင်တာရှိ၊မရှိ စာရင်းကောက်ခံနေတာဖြစ်ပြီး ပြန်မနေတဲ့ အိမ်၊ခြံတွေကို သိမ်းသွားမယ်လို့ဆိုပါတယ်။…