Homeသတင်းမြန်မာဇူလိုင် ၇ ရက်ကစပြီး CI လုပ်ငန်းစဥ်များရပ်နားသွားမည်ဟု ထိုင်းအစိုးရကြေညာ ဇူလိုင် ၇ ရက်ကစပြီး CI လုပ်ငန်းစဥ်များရပ်နားသွားမည်ဟု ထိုင်းအစိုးရကြေညာ July 4, 2024May 10, 2026byHein Latt ၄ ဇူလိုင် ၂၀၂၄ By People Radio Myanmar အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်းအစိုးရကပြုလုပ်ပေးနေသည့် CI (Certificate of Identity) စာအုပ်ဝန်ဆောင်မှုလုပ်ငန်းများအား ဇူလိုင်လ ၇ ရက်ကစ၍ ပိတ်လိုက်ပြီဖြစ်သည်ဟု ထိုင်း အစိုးရက ကြေညာလိုက်သည်။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသများဖြစ်ကြသော ဆူရတ်တနီနှင့် ဖူးခက်တွင်လည်း ကောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မဟာချိုင်နှင့် စမွတ် ပရာကန်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ချွန်ဘူရီတွင်လည်းကောင်း အထောက်အထားမဲ့ မြန်မာ များအတွက် CI စာအုပ်များပြုလုပ်ပေးနေပြီး ဇူလိုင်လ ၆ ရက်အထိ CI စာအုပ်ပြုလုပ်ပေးသွားမည်ဟု သိရ သည်။ အထက်ဖော်ပြပါ နေရာ ၆ နေရာ၌ CI စာအုပ်များပြုလုပ်ပေးနေခြင်းကို လာမည့်ဇူလိုင်လ ၇ ရက်ကပြီး ဖျက်သိမ်းသွားမည်ဟု သိရသည်။ ထိုင်းအစိုးရက CI စာအုပ်လုပ်ငန်းစဥ်များ ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က “ထိုင်းအစိုးရသတ်မှတ်ရက်စွဲနဲ့ ထိုင်းအစိုးရရဲ့ညွှန်ကြားချက်တွေကြောင့် အလုပ်ရှင်ကော အလုပ်သမားတွေပါ အခက်အခဲတွေရှိလာနိုင်ပါ တယ်”ဟုဆိုသည်။ တဆက်တည်းမှာပဲ ၎င်းက “ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်တွေက ဖွင့်လှစ်ပေးထားတဲ့ CI ဌာန ၆ ခုစလုံးကို ပိတ်ပစ်ဖို့ဦးတည်နေတယ်။ အရင်ကလည်း ၂ နေရာပိတ်လိုက်သေးတယ်”ဟုပြောသည်။ “ထိုင်းအစိုးရက ပန်းရောင်ကတ်ရှိတဲ့အလုပ်သမားတွေကို PJ တိုက်ရိုက်လုပ်ဆောင်စေချင်ပုံပဲ။ CI လုပ်ငန်း စဥ်အတိုင်းလိုက်နာတဲ့ အလုပ်သမားတွေအနေနဲ့လည်း CI နဲ့ PJ နှစ်ခုစလုံးအတွက် ကုန်ကျစရိတ်ကျခံ ရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်များသွားမယ့်အပြင် ကုန်ကျစရိတ်ကိုလည်း နှစ်ဆတိုးစေပါတယ်”ဟု ဦးမိုးကြိုးကပြောသည်။ ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ရောက်လာကြသော မြန်မာနိုင်ငံသားများသည် ပထမဦးစွာ ပန်းရောင် ကတ်လျှောက်ထားရပြီး ယင်းနောက်တွင်မှ CI စာအုပ်ပြုလုပ်ရလေ့ရှိသည်။ “ဒီသတိပေးချက်က အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သလို အရေးပေါ် စီမံချက်တွေလိုအပ်တယ်ဆိုတာကိုလည်း ညွှန်ပြနေတယ်”ဟု ၎င်းကပြောသည်။ လက်ရှိထုတ်ပြန်လိုက်သော ထိုင်းအစိုးရ၏ တင်းကြပ်သောညွှန်ကြားချက်များ၊ သတ်မှတ်ရက်များကြောင့် CI ဌာနများတွင် လူများပြားလာမည်ကိုလည်း စိုးရိမ်နေကြသည်။ ထိုင်းနိုင်ငံသို့ရောက်ရှိနေသော အထောက်အထားမဲ့မြန်မာနိုင်ငံသားများ CI စာအုပ်ပြုလုပ်ရာတွင် လမ်းပေါ် အိပ်၊ လမ်းပေါ်စားဖြင့်ပြုလုပ်ကြရသည့်အပြင် အိမ်သာမလုံလောက်မှုများနှင့်လည်း ရင်ဆိုင်ကြရလေ့ရှိ သည်။ CI စာအုပ်ဝန်ဆောင်မှုများ ဖျက်သိမ်းတော့မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာ ဆက်လက်ဒုက္ခရောက်ကြရဦးမည်ဖြစ်သလို CI ဌာနရှိဝန်ထမ်းများသည်လည်း ယခုရက်ပိုင်းအတွင်း ပိုမိုပင် ပန်းကြရလိမ့်မည်ဟု ၎င်းကပြောသည်။ Ref: The Star ဓာတ်ပုံ – People Radio Myanmar ပုံစာ – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ ချင်းမိုင်တွင် CI စာအုပ်ပြုလုပ်ရန်စောင့်ဆိုင်းနေကြသော မြန်မာ နိုင်ငံသားများ။
တောင်သာနယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ် ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ဆို။ By – ထက်မြတ်Date – June 3, 2026 မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်…
ရွှေပြည်သာရွာကပျုစောထီး၄ ကိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ဆို ဖေဖော်ဝါရီလ ၈ရက်၊၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ရေးမြို့နယ် ၊ ရွှေပြည်သာကျေးရွာက ပျူစောထီးတွေကို ဖေဖော်ဝါရီလ ၇ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ပျူစောထီးတွေဆီကနေလည်း သက်သေခံပစ္စည်းတစ်ချို့နဲ့ ဆိုင်ကယ်၂စီးသိမ်းဆည်းရမိခဲ့သလို သွားရောက်ရှင်းလင်းချိန်မှာလည်း ပြန်လည်ပစ်ခတ်တာမျိုးတွေလုပ်ဆောင်ခဲ့ပြီး သေဆုံးသွားတဲ့…
ဒေသခံတွေရဲ့ အိမ်တွေမီးရှိူ့ကာ သောက်သုံးရေတွင်းကို အဆိပ်ခတ်တဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ သုံးဦးသေ မတ်လ ၁၈ ရက် ၂၀၂၄ ခုနှစ် ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်၊ မန်ကျီးစမ်းရွာကို စစ်ကောင်စီက မတ်လ ၁၄ ရက် နံနက် ၆ နာရီခန့်မှာ စစ်ကြောင်းထိုးလာပြီးပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ကာ သောက်သုံးရေတွင်းကို…