တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ခလယ်ရွာက ဒေသခံတစ်ချို့ ထပ်မံပြောင်းရွှေ့နေ
အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့မှာ ကျေးရွာအတွင်းမနေထိုင်ရဲတော့ပဲ ထပ်မံပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဒေသခံ တွေထံမှသိရပါတယ်။ လူဦးရေ ၂၀၀၀ ဝန်းကျင်လောက်နေထိုင်နေကြတဲ့ ခလယ်ရွာအောအတွင်းအောက်တိုဘာလ ဒုတိယအပတ်လောက်ကနေစပြီးတိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့ အပြင် စစ်ကောင်စီတပ်အထိုင်ချထားတဲ့…