ရေးမြို့ကကျုံလောင်ရွာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အရာရှိဗိုလ်အပါအဝင် ၂၅ ဦးသေဆုံး
အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ရေးမြို့နယ်က ကျုံလောင်းရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား၂၅ဦးသေဆုံးခဲ့ပြီး လက်နက်တွေလည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၀ရက်နေ့ မနက်၆ နာရီ ၄၅မိနစ်ဝန်းကျင်အချိန်မှာ အင်အား၃၀လောက်နဲ့တပ်စွဲထားတဲ့ ရေးတံတားကြီးစစ်ဆေးရေးကို နယ်မြေခံတော်လှန်ရေးအင်အားစုဘက်မှ…