စစ်ကောင်စီတပ်ကတောင်ကလေးကျေးရွာအပါအဝင်အနီးအနားကျေးရွာကနေအိမ်တွေကိုဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းတွေယူဆောင်နေ
ဇန်နဝါရီလ ၉ရက်၊၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးကျေးရွာအပါအဝင် အနီးကျေးရွာကဒေသခံ နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖောက်ထွင်းကာတန်ဖိုးကြီးပစ္စည်းတွေလည်းကိုယူဆောင်နေကြတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ရက်နေ့ကနေစပြီး တောင်ကလေးကျေးရွာတစ်ဝိုက်နဲ့ ချောင်းနှစ်ခွ ကျေးရွာဘက်တွေမှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာတော့တောင်ကလေးကျေးရွာမှာစစ်သားတွေအထိုင်ချထားတာလည်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာ အထိုင်ချထားတဲ့ စစ်သားတွေဟာ တောင်ကလေးကျေးရွာအရှေ့ပိုင်းအပါအဝင်ကျောက်ကွဲ၊မယ်တရို၊ဖက်တေးကုန်းကျေးရွာကဒေသပြည်သူတွေရဲ့တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ဆိုင်ကယ်၊…