ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ရွာတွင်းက နေအိမ်တွေကို လိုက်လံမီးရှို့နေ
ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇန်နဝါရီလ၁၄ရက်နေ့မှာတော့ ချောင်းနှစ်ခွကျေးရွာအတွင်းတပ်စွဲနေထိုင်နေတဲ့ စစ်သားတွေဟာ ရဲစခန်းအနီးတစ်ဝိုက်ကနေအိမ်တွေ၊ ဈေးပိုင်းနဲ့ ကွက်သစ်ရပ်ကွက်ဘက်တွေက နေအိမ်တွေကို လိုက်လံမီးရှို့နေတာကြောင့်…