သင်္ဃန်းညီနောင်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိနေ
မတ်လ ၈ရက် ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေကာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံအရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မတ်လ ၇ ရက်နေ့နေ့လည် ၁နာရီဝန်းကျင်အချိန်ကနေစပြီး သင်္ဃန်းညီနောင်ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ…