မတ်လ ၁၃ရက်၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ဖလူးစခန်းကို KNLAပူးပေါင်းတပ်းဖွဲ့တွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပေးတာကို မကြာခဏပြုလုပ်လာတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။ မတ်လ ၁၁ရက်နေ့ ညနေ၄နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်ရဲ့ဖလူးစခန်းကို KNLA/PDFပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ အဓိကအသုံးလာတာဖြစ်ပြီး၊လက်နက်ကြီးတွေလည်းနေ့ရောညပါပစ်ခတ်နေသလို စစ်တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာမျိုးတော့မရှိဘူးလို့မြေပြင်သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။…