ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ဘက်က ရိက္ခာ၊လက်နက်ခဲရမ်းလာချချိန်ဂျက်ဖိုက်တာနဲ့ ၂ရက်ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်တွေထိပ်မံမီးလောင်ခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့နှစ်ရက်ဆက်တိုက်ချောင်းနှစ်ခွရဲစခန်းကို စစ်တပ်ကရိက္ခာ၊လက်နက်ခဲရမ်းလာချချိန် ဂျက်ဖိုက်တာနဲ့ပစ်ကူပေးခဲ့တာကြောင့် ချောင်း နှစ်ခွရဲစခန်းအနီးကနေအိမ်တစ်ချို့နဲ့ စာသင်ကျောင်းအရှေ့နားမှာရှိတဲ့ နေအိမ်၂လုံးလောက်…