အာဖဂန်မိန်းကလေး ၂ ဒသမ ၄ သန်း ပညာဆက်လက်သင်ယူခွင့် ဆုံးရှုံးနေဟု ကုလသမဂ္ဂ ပြော

ဩဂုတ်လ – ၁၄ ရက်
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာပြန်လည်ရယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မိန်းကလေး ၂ ဒသမ ၄ သန်းဟာ အလယ်တန်းပညာရေး ဆက်လက်သင်ယူခွင့် ပိတ်ပင်ခံထားရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ အာဖဂန်နစ္စတန်ဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို အလယ်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူခွင့် တရားဝင်ပိတ်ပင်ထားတဲ့ ကမ္ဘာ့တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်ရှိနေတာပါ။
မိန်းကလေးတွေ အလယ်တန်းပညာရေး တက်ရောက်ခွင့်ကို ၂၀၂၂ ခုနှစ် မတ်လမှာ ပိတ်ပင်ခဲ့ပြီး အမျိုးသမီးတွေ တက္ကသိုလ်တက်ရောက်ခွင့်ကိုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပိတ်ပင်ခဲ့ပါတယ်။
အမျိုးသမီးဆရာမ အရေအတွက်လည်း လျော့နည်းလာပြီး ၂၀၃၀ ခုနှစ်အရောက်မှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးဆရာမ ၁၁,၀၀၀ ကျော် လိုအပ်လာနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
တာလီဘန်အဖွဲ့အနေနဲ့ အမျိုးသမီးတွေအတွက် အလယ်တန်းနဲ့ အဆင့်မြင့်ပညာရေး ရပိုင်ခွင့်တွေကို ခြွင်းချက်မရှိ ပြန်လည်ဖွင့်ပေးဖို့ ကုလသမဂ္ဂကတောင်းဆိုထားပါတယ်။
ကိုးကား – Aljazeera
ဓါတ်ပုံ – Omer Abrar/AFP⁩

Leave a Reply

Your email address will not be published. Required fields are marked *