မဲဆောက်၊ ဩဂုတ် ၁၁
ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့ဘက်မှာ ထိုင်းအာဏာပိုင်အဖွဲ့တွေရဲ့ စည်းကမ်းတင်းကြပ်စစ် ဆေးအရေးယူဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မြန်မာရွေ့ပြောင်းနေထိုင်သူတွေ အသွားအလာများတဲ့ မဲဆောက်ဈေးတန်းမှာ အခု ဩဂုတ်လထဲ ဈေးရောင်းဈေးဝယ် အသွားအလာခြောက်ကပ်နေတယ်လို့ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး မဲဆောက်မြို့နယ်အတွင်းဒုစရိုက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ကျားဖြန့်လောင်းကစားမှုတွေကို နှိမ်နှင်းဖမ်းဆီးနေသလို၊ ဩဂုတ်လမှာတော့ ရွေ့ပြောင်းမြန်မာတွေရဲ့ နေထိုင်ခွင့်အထောက်အထားနဲ့ပတ်သက်ပြီး ဆယ်နှစ်ခံဘတ်တရားမဝင်လုပ်ဆောင်မှု ကိုင်ဆာင်နေထိုင်မှုတွေကိုပါ နှိမ်နှင်းဖမ်းဆီးလာတာကြောင့် မြန်မာပြည်သားတွေ သွားလာရေးအခက်တွေ့ လာနေတယ်လို့ ရွေ့ပြောင်းမြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
” အရင်လက အမှုအခင်းတွေ နှိမ်နှင်းတာမျိုးဖမ်းတယ်စစ်တယ်၊ အခုဩဂုတ်လမှာက မင်းအောင်လှိုင်ထိုင်းလာမယ်ဆိုတော့ နယ်စပ်က ရှောင်တိမ်းခိုလှုံတွေအပေါ် ဖမ်းဆီးစစ်ဆေးမယ့် သတင်းတွေဖြန့်နေကြတယ်၊ နေရာစုံဂိတ်ချစစ်တယ်၊ ဒီကြားထဲ ဘတ်အတုလုပ်တာက ထပ်ဖမ်းတော့ လူတွေသိပ်အပြင်မထွက်ရဲကြတော့ဘူး၊ ပြီးတော့ပန်းရောင်ကဒ်တို့ဝပ်ပါမစ်တို့ သက်တမ်းစစ်တာ၊ ဖမ်းတာတွေလည်း နေတိုင်းရှိနေတာဆိုတော့ ဈေးလာ၊ ဈေးဝယ်တောင်နည်းသွားပြီး မဲဆောက်ဈေးမှာ လူရှင်းနေတယ်” လို့ပြောပြပါတယ်။
အခုလတ်တလော ဩဂုတ်လ ၇ရက်က ထိုင်းနိုင်ငံကိုလာတဲ့ စစ်ခေါင်းဆောင်မင်းအာင်လှိုင်ပြန်သွားပြီး နောက်ပိုင်း ထိုင်းဗဟိုအစိုးရတာဝန်ရှိသူတွေ မဲဆောက်နယ်စပ်ကို လာရောက် စစ်ဆေးတာတွေရှိနေသလို လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနှိမ်နှင်းရေးကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ပြောဆိုတာတွေရှိနေပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် မဲဆောက်ရောက်မြန်မာတွေ အနေအထိုင်အသွားအလာဆင်ခြင်နေရပြီး နေထိုင်ခွင့်အထောက်အထား၊ ဈေးရောင်းခွင့် အထောက်အထားမရှိသူတွေ အလုပ်သွားလာလို့မရလို့ ဈေးဆိုင်တွေလည်းပိတ်ထားရလို့ လူမှူစီးပွားဘဝတွေခက်ခဲလာနေတယ်လို့ ရွေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါပါတယ်။
ထိုင်းအာဏာပိုင်တွေ စစ်ဆေးဖမ်းဆီးမှုအရှိန်မြှင့်လာနေလို့ မဲဆောက်ဈေးမှာ ဈေးရောင်းဈေးဝယ် ခြောက်ကပ်နေ