ရွှေဘိုနယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၇ ရွာက ပြည်သူများ ရေဘေးကြုံနေရ

By – ထက်မြတ်
Date – August 11, 2026
စစ်ကိုင်းတိုင်း ၊ ရွှေဘိုနယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၇ ရွာက ‌ေဒသခံပြည်သူများ ရေဘေးကြုံတွေ့နေရတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ဆီက သိရပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ကစပြီး ရွှေဘိုအနောက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ သပွတ်တော ၊အင်ကြင်းပင်၊မအူပင်၊ဆင်အင်း ၊သောင်ထွဋ်ကိုင်း၊ကူတိုးဆိပ်၊ညောင်ပင်လှ၊ညောင်ကိုင်း၊မဘေး၊ထနှောင်းကိုင်း၊တည်သီးတော၊ကြောင်လျှာတော၊ရုံးတော၊ရေကြည်ဝ၊သံပုရာခြံ၊ရေတော်မူ၊ဝင်းစီ စတဲ့ ကျေးရွာတွေဟာ ရေဘေးနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
” တစ်ရွာကို ပြည်သူ 1000 ဝန်းကျင်ရှိပါတယ်၊စစ်ရှောင်ပြည်သူတွေပါ။ဒီရွာတွေမှာနေကြတာတော့ ပြည်သူများပါတယ်၊ရေစကြီးခါစ အခြေနေက ရုတ်တရက် ရေက ထင်မှတ်မထားလောက်အောင် တိုးလာတယ်။ 2015 တုန်းကတော့ ရေကြီးဖူးတယ်။ ဒီလောက်မဆိုးဘူး။ခုအခြေနေက ထင်မှတ်မထားလောင်အောင် ရေကြီးတာဆိုတော့ အများစုပိတ်မိနေတယ်။ သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင် ကလေးငယ်ကို အဓိကထားပြီး ကယ်ထုတ်နေပါတယ်၊”လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ က တပ်ရင်းမှူး ကိုပီလွန်ကပြောပါတယ်။
လက်ရှိ ရေဘေးကြုံနေရတဲ့ ဒေသခံတွေဟာ သောက်သုံးရေအတွက် ရေသန့်များလိုအပ်သလို ၊ ချက်ပြုတ်စားသောက်ဖို့အတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
“ရေဘေးသင့်တာဖြစ်‌တာကြောင့် ရေသန့်နဲ့ ထမင်းထုပ်လိုမယ်ထင်ခဲ့ပေမယ့် သောက်သုံးရေတွင်းတွေက ရေနစ်ပါတယ်ဆိုတဲ့ရွာတွေမှာတောင် သုံးလို့ရသေးတဲ့ အခြေနေရှိတယ် ။အဲ့ဒီအစား ပြတ်စပြုနေတဲ့ ဆန်၊ဆီ၊ဟင်းချက်စရာ အဓိက လိုအပ်တယ်၊ထမင်းထုပ်ဝေရမလားမေးတဲ့အခါ ရေလမ်းခရီးဖြစ်တာကြောင့် ရေစို အပေါ်ကနေပူ ခရီးအကွာအဝေးကြောင့် အချိန်ကြန့်ကြာ ဖြစ်တာကြောင့် သူတို့ဆီရောက်တဲ့အခါ ထမင်းထုပ်က သိုးတာ၊စားမရဖြစ်တာများတယ်။အဲဒါကြောင့်အခြောက်အခြမ်းဖြစ်တဲ့ ဆန်၊ဆီ၊ဟင်းချက်စရာကိုပဲ ဖြစ်နိုင်ရင် ကူညီပေးစေချင်ကြတယ်” လို့ ကိုပီလွန်ကဆက်ပြောပါတယ်။
ဆက်လက်ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ပါက မူးမြစ်ကို ရေလမ်းကြောင်း အသုံးပြုလို့မရတော့တဲ့အတွက် မူးမြစ်ကမ်းတစ်လျှောက်မ‌ှာနေထိုင်တဲ့ ပြည်သူတွေမှာလည်း စက်လှေမရှိတာ‌ေကြာင့် ၎င်းတို့ကို ကယ်ထုတ်နိုင်ဖို့အတွက် တံငါလှေငယ်တွေနဲ့ စုစည်းကယ်ထုတ်ရတယ်လို့ဆိုပါတယ်။
“လက်ရှိရေဆက်တိုးမလားဆိုပြီး စိုးရိမ်ပူပန်နေကြတာရှိတယ်၊ကျနော်လှေတွေကို မစုစည်းနိုင်ခင်မှာ နီးစပ်ရာ ခေါ်ကြ၊လုတက်ကြ အခြေနေကြောင့် လှေမှောက်တာတွေ အရေးပေါ်လူတွေ လှေမရတာတွေ ဖြစ်ခဲ့တယ်။လှေတစ်စီးကို သုံးယောက်နဲ့ ငါးယောက်ကြားပဲနိုင်တယ်”လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ ကတပ်ရင်းမှူး ကိုပီလွန်က ပြောပါတယ်။
ရေဘေးကြံု‌ေတွ့‌ေနရတဲ့ ပြည်သူ‌ေတွကို လာရောက်ကူညီကြမည့် အလှူ‌ရှင်များအပါအဝင် အခြားအဖွဲ့အစည်းများအနေနဲ့လည်း မလိုလားအပ်တဲ့ အန္တာရာယ်များ ဖြစ်စေနိုင်တာကြောင့် ရေထဲဆင်းပြီး မလှူကြဖို့ နဲ့ ကမ်းစပ်မှာပဲ လှူပေးကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *