မြစ်ကြီးနားမြို့တွင် ၉ နှစ်အရွယ်စစ်ဘေးရှောင်ကလေးငယ်တဦး ရေနစ်သေဆုံး။

ဩဂုတ် ၊ ၁၂ ၊ ၂၀၂၆။
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်မှာ ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က ရေနစ်သေဆုံးနေတဲ့ ကလေးငယ်ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။
ရေနစ် သေဆုံးခဲ့သူမှာ အသက် ၉ နှစ်အရွယ် မောင်ငွါးဆီးဖြစ်ပြီး စီတာပူရပ်ကွက် ကောင်ရာနယ်မြေမှာရှိတဲ့ ငါးကန်းအဟောင်းမှာ ရေဆင်းကူးရင်း ရေနစ် သေဆုံးခဲ့တာပါ။
” အလောင်းရှာတွေ့တော့ ပိုင်ရှင်က မပေါ်‌‌လာသေးဘူး။ လိုင်းပေါ်တင်လိုက်မှ သူမိသားစုနဲ့အဆက်သွယ်ရတယ်။ ရေဆင်းကူးရင်းဖြစ်သွားတာ ဟုတ်တယ်။ လေးရက်လောက် ရှိပြီဆိုတော့ ရုပ်ကသိပ်မမှတ်မိချင်တော့ဘူး ဖြစ်သွားတာ ” လို့ စီတာပူ ရပ်ကွက်မှာ နေထိုင်တဲ့ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ဟာ ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာကနေ မြစ်ကြီးနားမြို့ဖက်ကို မိသာစုနဲ့အတူ စစ်ဘေးရှောင်ခဲ့တဲ့သူလို့လည်း သိရပါတယ်။
” မိုးရာသီက ရေကူးတာသတိထားသင့်တယ်။ အပေါ်ဘက်မိုးများရင် ရေစီးကသန်တယ်။ ကယ်ဆယ် ရေးအဖွဲ့တွေ ရှာတာ ည ၇ နာရီလောက်မှ အလောင်းကိုပြန် တွေ့တာ ” လို့ တပ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၄ရက်နေ့ကလည် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် မခန္တီးမြစ်ဆိပ်တွင် ရေဆင်းကူးတဲ့ အသက် ၁၇ နှစ်အရွယ်လူငယ်နှစ်ဦး ရေနစ် သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။
အလားတူ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း မနောင်ကွင်း အနောက်ဘက်ရှိ လုံဂါပါမြစ်ဆိပ်မှာ ရေဆင်းကူးတဲ့လူငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ
ပုံစာ – ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကောင်ရာနယ်မြေရှိ ငါးကန်အဟောင်းထဲတွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံး‌နေသည့် အသက် ၉ နှစ်ရွယ်ကလေးငယ်အား တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *