ဇွန်၊ ၁၀၊ ၂၀၂၆
လာမယ့်ရက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဒီရေလည်းတက်လာဦးမှာမို့ ရန်ကုန်တိုင်းထဲက မြစ် ကမ်းနားနီးတဲ့နေရာတွေမှာ ရေကြီးနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိ ပေးထားပါတယ်။
ဇွန်လ ၁၅ ရက်ကနေ ၁၈ ရက်အတွင်း ထူးကဲဒီရေတက်လာမှာဖြစ်ပြီး အခုရက်ပိုင်း မိုးရွာသွန်းမှုများနေ ချိန်နဲ့တိုက်ဆိုင်ကာ မြစ်ကမ်းနားနီးတဲ့ဒေသတွေနဲ့ အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနိုင်တယ်လို့ ဆိုထားပါ တယ်။
နောက် ၂ ရက်အတွင်း ရန်ကုန်တိုင်းထဲမှာနေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန က ထုတ်ပြန်ထားသလို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကလည်း ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ရန်ကုန် မြစ်အတွင်း ထူးကဲဒီရေတက်နိုင်တဲ့အတွက် မြစ်ကမ်းနားနီးနေထိုင်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။
“ဒီရေအမြင့် ပေ ၂၀ ကျော်တာနဲ့ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်းနဲ့ လှိုင်မြစ်တစ်လျှောက်က မြေနိမ့်ပိုင်းရပ် ကွက်တွေ၊ ကမ်းနားလမ်းတွေနဲ့ ဆိပ်ကမ်းတွေမှာ ဒီရေတက်ချိန် ရေလျှံလေ့ရှိပါတယ်။ အခုတကြိမ် မိုး ရေချိန်များနေတဲ့အတွက် မြို့ပြရေဝပ်/ရေကြီးတာ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်၊ ဒဂုံမြောက်ပိုင်း၊ သန် လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသတွေက ဒီရေအတက်အကျ သက်ရောက်မှုရှိတဲ့ ပဲခူးမြစ်အောက် ပိုင်းဒေသတွေ ရေလျှံမှုပိုမိုမြန်ဆန်နိုင်ပါတယ်။” လို့ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က သတိပေးပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ညပိုင်းက ရန်ကုန်တိုင်းထဲမိုးသည်းထန်ခဲ့ရာ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင် နဲ့ အလုံ စတဲ့မြို့နယ်တွေက လမ်းမကြီးတွေပေါ်မှာ ရေကြီးရေလျှံခဲ့တဲ့အတွက် မြေညီထပ်တိုက်ခန်းတွေထဲ ရေတွေဝင်တဲ့အတွက် ပရိဘောဂတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် အုပ်ချုပ်ရေးယန္တရားလျော့ကျခဲ့တဲ့ ရန်ကုန်လိုမြို့ပြဒေသဟာ အမှိုက်စွန့်ပစ် တာတွေ၊ အမှိုက်သိမ်းစနစ်တွေအားနည်းခဲ့တဲ့အတွက် ရေစီးရေလာမကောင်းတဲ့ဒဏ်တွေကြောင့် ရေကြီး တဲ့ဒဏ်တွေ ခံနေရတာလို့ရန်ကုန်မြို့ခံတွေက သုံးသပ်ပြောကြပါတယ်။
“စည်ပင်က အမှိုက်သိမ်းစနစ်အားနည်းတယ်၊ အမှိုက်ပစ်တာတွေလည်း စည်းကမ်းတကျမရှိဆိုတော့ မိုး ကြီးရင်ရေကြီးတော့တာပဲ၊ ကန်ထရိုက်တိုက်မြေညီထပ်တွေဆို အရင်ကရေမဝင်ခဲ့တာ အခုရေဝင်နေလို့ ခက်ကုန်ပြီလေ၊ မိုးကအခုမှအစပဲရှိသေးတယ်၊ မိုးတွင်းကုန်တဲ့အထိခံရဦီးမယ်” လို့ ရန်ကုန်မြို့ခံ အငြိမ်း စားဝန်ထမ်းတဦးက မှတ်ချက်ပြုပါတယ်။
ရန်ကုန်မြို့မှာ တာမွေအဝိုင်းထိပ်၊ မဂ်လာစျေးနဲ့ ယုဇနပလာ၊ မြေနီကုန်း စတဲ့နေရာတွေဟာ မိုးတွင်းကာ လ ရေအမြဲကြီးတဲ့နေရာတွေ ဖြစ်ခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလ လက်ရှိအသွင်ပြောင်းအစိုးရရဲ့ ရက်တရာစီမံကိန်းမှာ မြို့ပြ ဖွံ့ဖြိုးရေးလုပ်ကိုင်နေတယ်ဆိုပေမယ့်လည်း ခုလိုမိုးတွင်းကာလ ရေကြီးရေလျှံတာတွေက ပိုလို့တောင် ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ပြောကြပါတယ်။
ထူးကဲဒီရေကြောင့် ရန်ကုန်မှာ ရေကြီးဦးမယ်လို့ သတိပေးထား