တကမ္ဘာလုံးမှာ အယ်လ်နီညို ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကုလသမဂ္ဂက သတိပေး


ဇွန်၊ ၄၊ ၂၀၂၆
ပုံမှန်မဟုတ်ဘဲ ဆိုးရွားတဲ့ရာသီဥတုတွေဖြစ်ပေါ်လာမယ့် အယ်လ်နီညိုဖြစ်စဉ်တွေ တကမ္ဘာလုံးမှာဖြစ် လာနိုင်တဲ့အတွက် နိုင်ငံတိုင်းကကြိုတင်ပြင်ဆင်ထားဖို့ ကုလသမဂ္ဂက ဇွန်လ ၂ ရက်နေ့က သတိပေး လိုက်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာရေနွေးစီးကြောင်းကနေဖြစ်လာတဲ့ အယ်လ်နီညိုဟာ အခုလက်ရှိ ဇွန်လကစပြီး ဖြစ်နေ ပြီလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က တရားဝင်အတည်ပြုထားတဲ့အတွက် နိုင်ငံတိုင်းကကြိုတင် ပြင်ဆင်ထားကြဖို့ ကုလသမဂ္ဂက သတိပေးထားတာပါ။
မိုးခေါင်၊ ရေရှားပြီး အပူချိန်တွေအလွန်အမင်းမြင့်တက်လို့ သီးနှံပျက်စီးတွေပျက်စီးကုန်တာ၊ လျှပ်စစ်စွမ်း အင်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်နိုင်သလို တချို့နေရာတွေမှာတော့ မိုးသည်းထန်ပြီး ရေ ကြီးရေလျှံကာ မြေပြိုကျတာမျိုး စတဲ့မူမမှန်ဘဲပုံမှန်မဟုတ်တဲ့ရာသီဥတုတွေကြောင့် ဘေးအန္တရာယ်တွေ ဖြစ်လာနိင်တယ်လို့ ဆိုထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာရဲ့အပူချိန်ဟာ ပုံမှန်ထက် ၆ ဒီဂရီစင်တီဂရိတ် မြင့်တက်နေပြီး လက်ရှိအပူရှိန်ကနေ ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာကြိုတင်ပြင်ဆင်မှုမရှိရင် လူ့အဖွဲ့အစည်းတွေကို ပျက်စီး ဆုံးရှုံးစေနိုင်တယ်လို့ အလေးအနက်တိုက်တွန်းထားပါတယ်။
တကမ္ဘာလုံးက မိုးလေဝသကျွမ်းကျင်သူတွေရဲ့ထုတ်ပြန်ချက်တွေကို အမြဲမပျက်လေ့လာစောင့်ကြည့်ပြီး သတိပေးချက်တွေကိုလိုက်နာကြဖို့ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က တိုက်တွန်းထားပါ တယ်။
“အယ်လ်နီညိုဟာ ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေတဲ့ တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပါ။ ဒေ သန္တရအဆင့် ရာသီဥတုခန့်မှန်းချက်တွေမှာ အယ်လ်နီညိုအပြင် အခြားသော ဒေသတွင်း ရာသီဥတုဆိုင် ရာ တွန်းအားပေးတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစိုးရနဲ့ အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေက ဒေသအလိုက်ထုတ်ပြန်တဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အနီးကပ်စောင့်ကြည့်ကြပါ။”
အယ်လ်နီညိုဟာ ဇွန်လမှာစတင်ပြီး နောက်ထပ် ၆ လအကြာ ဒီဇင်ဘာလဆိုရင် ပြင်းထန်တဲ့အဆင့်ကို ရောက်နိုင်ပြီး အချိန်ကာလအနေနဲ့ တနှစ် (ဒါမှမဟုတ်) တနှစ်ထက်ကျော်နိုင်တယ်လို့ မိုးလေဝသပညာ ရှင် ဦးထွန်းလွင် က သူမကွယ်လွန်ခင်အချိန်ကတည်းက ပြောထားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလက ကမ္ဘာ့အပူဆုံးမြို့တွေရဲ့စာရင်းထဲမှာပါ၀င်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ထိထိရောက်ရောက်လုပ်ဖို့ သတိပေးနေကြပါတယ်။  
https://www.facebook.com/share/p/18bum7nXvU/

Leave a Reply

Your email address will not be published. Required fields are marked *