မြိုင်မြိုနယ်ထဲ အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးနေ၊ ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၂ သောင်းခန့် ဘေးလွတ်ရာရှောင်တိမ်းနေကြရ

ဇွန်၊ ၄၊ ၂၀၂၆
မကွေးတိုင်း၊ မြိုင်မြိုနယ်ထဲကရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေရာ ရွာပေါင်း ၁၀ ရွာ ထက်မနည်းက ဒေသခံ ၂ သောင်းနီးပါး ဘေးလွတ်ရာရှောင်တိမ်းနေကြရတယ်လို သိရပါတယ်။
ဇွန်လ ၄ ရက် ဒီမနက် ၇ နာရီခန့်က အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာထဲ တပ်စွဲ ထားကာ နေအိမ် ၄ လုံးထက်မနည်းကိုမီးရှိခဲ့ပြီး လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို ပစ် ခတ်ခဲ့တယ်လို သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြိုင်မြိုနယ်ထဲကကျေးရွာတွေကို ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်ကြောင်းထိုးနေတာလို အညာမြေတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြော ပါတယ်။
“စစ်ကြောင်းနှစ်ကြောင်းစာနဲ့ဆိုရင် ဆယ်ရွာထက်မနည်း စစ်ကြောင်းထိုးခံနေရတာဆိုတော့ ထွက်ပြေး နေကြရတဲ့ ဒေသခံပြည်သူပေါင်းက နှစ်သောင်းဝန်းကျင်ထက်မနည်းတော့ ရှိနိုင်တယ်လို ခန့်မှန်းရပါ တယ်ခင်ဗျ။”
မြိုင်မြိုနဲ့ လေးမိုင်အကွာက မြိုင်စက်မှု (၂) ကနေ ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းဟာ မေလ ၂၃ ရက်နေ့က Mi 17 နဲ့ ရောက်လာကြပြီး ဒီနေ့အထိ ရွာနှစ်ရွာထဲက နေအိမ် စုစုပေါင်း ၁၅ လုံး ထက်မနည်းကို မီးရှိဖျက်ဆီးခဲ့ကြတယ်လို သိရပါတယ်။
မြေပဲစိုက်ပျိုးချိန်ဖြစ်လို ဒေသခံတွေရဲ့မျိုးမြေပဲတွေလည်း အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်ကြောင့် အိမ် တွေမီးရှိခံရရင်း မီးထဲပါကုန်လို မျိုးမြေပဲတွေပျက်ဆီးဆုံးရှုးကုန်တယ်လိုလည်း သိရပါတယ်။
မြိုင်မြိုနယ်မြောက်ပိုင်း၊ လက်ယက်မကျေးရွာကိုလည်း ဇွန်လ ၁ ရက်နေ့က အသေခံဒရုန်းနှစ်စင်းနဲ့ ပစ် ခတ်တိုက်ခိုက်ခံရလို က‌လေးငယ်နှစ်ဦးအပါအဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တွေ ပျက်စီးဆုံးရှုးခဲ့ရတယ်လို သိရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး (အထူး) ဂရုပြုပြီး တော်လှန် ရေးအဖွဲတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို အညာမြေတပ်ပေါင်းစုက တိုက်တွန်းနှိးဆော် ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *