အမေရိကန်က အီရန်အား ဗုံးကြဲတိုက်ခိုက်မှု နှစ်ပတ်ရပ်ဆိုင်းရန် သဘောတူ

Photos

ဧပြီ ၇၊ ၂၀၂၆

အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းရန် သဘောတူညီခဲ့ကြောင်း ဧပြီ ၇ ရက်တွင် အမေရိကန် သမ္မတ ထရမ့်က ကြေညာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အီရန်နှင့် ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုများ လျော့နည်းစေဖို့ ရည်ရွယ်သည့် အချိန်ပိုင်း အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ရပ်အဖြစ် ဖော်ပြထားပြီး၊ ပါကစ္စတန်နိုင်ငံက တာဝန်ယူဆောင်ရွက်နေတဲ့ မျက်နှာချင်းဆိုင်ညှိနှိုင်းမှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

သဘောတူညီမှုအရ အီရန်ဘက်မှ ကမ္ဘာ့ရေနံပို့ဆောင်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေကြောင်းလမ်းကို အပြည့်အဝ အမေရိကန်ဘက်က တိုက်ခိုက်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့တာပါ

ဒါအပြင် ထရမ့်က အီရန်က တင်ပြထားတဲ့ အချက် ၁၀ ချက်ပါ အဆိုပြုချက်များကို ဆွေးနွေးရန် အခြေခံကောင်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး အဓိကအငြင်းပွားမှုများ အများစုကို ဖြေရှင်းပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အခု အပစ်အခတ်ရပ်စဲရေးဟာ အပြန်အလှန်သဘောတူညီမှုဖြစ်ပြီး၊ အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်မှုများကို ရပ်ဆိုင်းဖို့ သဘောတူထားကြောင်း သတင်းများတွင် ဖော်ပြနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *