စစ်မီးမွှေးသူတွေ ငြိမ်းချမ်းရေးကိုသာ ရွေးချယ်ကြဖို့ ပုပ်ရဟန်းမင်းကြီး လီယို မိန့်ကြား

Photos

People’s Radio Myanmar
April 6 2026

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကသူရဲ့ ပထမဆုံး အီစတာ ဖြစ်တဲ့ ဧပြီ လ 5ရက် တနင်္ဂနွေနေ့မှာ စစ်မီးမွှေးနိုင်စွမ်းရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ ရွေးချယ်ကြဖို မိန့်ကြားခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့နှစ်က ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲဖြစ်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံး အီစတာနေ့အခမ်းနားမှာ ခုလိုမိန့်ကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက “တိုက်ခိုက်လိုစိတ်၊ လွှမ်းမိုးလိုစိတ်နဲ့ အာဏာမက်မောစိတ်တွေစွန့်လွှတ်ကြပါ။ သဒ္ဒကမ္ဘာဟာ စစ်မီးတွေကြောင့် ပျက်စီးနေရပြီး ဒေါသစိတ်နဲ့ ဥပေက္ခာတရားတွေ ဖုံးလွှမ်းလာပြီးစစ်မီးတွေကြောင့် ပျက်စီးနေပါပြီး ၊ အဆိုးတရားတွေ နဲ့ အားကိုးရာမဲ့နေတဲ့ ကျွန်ပ်တိုကမ္ဘာ ကြီးကို ငြိမ်းချမ်းရေး ကောင်းချီး ပေးသနားဖို ထာဝရဘုရားသခင်ထံ ဆုတောင်းကြပါ”လို မိန့်ကြားခဲ့ပါတယ်။

“စစ်မီးမွှေးတဲ့အာဏာရှိသူတွေ လက်နက်ချပြီး ငြိမ်းချမ်းရေးကို ရွေးချယ်ကြပါ။ အင်အားသုံး အတင်းအကျပ်ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီး ရရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ပါစေ။ တစ်ဖက်သားကို လွှမ်းမိုးချုပ်ကိုင်လိုတဲ့ ဆန္ဒနဲ့မဟုတ်ဘဲ အပြန်အလှန် နားလည်မှုရယူဖိုအတွက် ဖြစ်ပါစေ” လိုပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။

အဲ့ဒီ အီစတာနေ့ မိန့်ကြားချက်ကို ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာဘတ်ဆီလီကာ (St. Peter’s Basilica) ဘုရားကျောင်းရဲ့ ဝရန်တာမှမိန်းကြားခဲ့ပြီး စိန့်ပီတာရင်ပြင်မှာလဲ ပုပ်ရဟန်းမင်းကြီးကို ဖူးမျှော်ဖို လူပေါင်းထောင်ချီ စုဝေးခဲ့ကြပါတယ်။

သူက ဆက်ပြီး “ကျွန်ုပ်တိုဟာ တခြားသူတွေရဲ့ ဒုက္ခဝေဒသနာတွေအပေါ် ကိုယ်ချင်းစာတရားမရှိတော့ပဲ ဥပေက္ခာတရားတွေနဲ့ ကျင့်သားရလာကြပါပြီ။ ဒါဟာ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး ပုံမှန်ဖြစ်စဉ်လိုလက်ခံနိုင်စရာအဖြစ် သဘောထားလာကြပါပြီ”

သတင်းစကားပြောကြားပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးက အာရပ်၊ တရုတ်နဲ့ လက်တင်ဘာသာစကားအပါအဝင် ဘာသာစကား ၁၀ မျိုးနဲ့ အီစတာနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးလီယို (၁၄) ဟာ အမေရိကန်ဖွား ပထမဆုံး ပုပ်ရဟန်းမင်းကြီးတယောက်ဖြစ်ပါတယ်။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *