Photos
အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ၅ နှစ်ကျော်အတွင်း စာသင်ကျောင်း ၂၅၀ ကျော် ဗုံးကြဲခံရ၊ ကျောင်း သား/သူ နဲ့ ဆရာ/ဆရာမ ၂၇၀ ကျော် သေဆုံးခဲ့ရတယ်လို Blood Money ထုတ်ပြန်
April 6 2026
တပြည်လုံးအနှံက စာသင်ကျောင်း ၂၅၀ ကျော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာခံခဲ့ရလို ကျောင်းသားတွေနဲ့ ဆရာ/ ဆရာမ ၂၇၀ ကျော် သေဆုံးခဲ့ရတယ်လို Blood Money – သွေးစွန်းငွေ အဖွဲက ဧပြီ ၅ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ ငါးနှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ် တပ်ဟာ/ နိုင်ငံအနှံက စာသင်ကျောင်းပေါင်း ၂၅၁ ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ပါ။
၁၀ နှစ်အောက်ကလေးငယ်တွေအပါအဝင် ကျောင်းသား/သူတွေနဲ့ ဆရာ/ဆရာမ စုစုပေါင်း ၂၇၆ ဦး သေ ဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၆၈၆ ဦးအထိ ရှိခဲ့တယ်လို Blood Money ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
“အတိုင်းမသိ ဝမ်းနည်းရပါတယ်၊ အနာဂတ်အတွက် နိုင်ငံအတွက်သူရဲကောင်းတွေ ကြွေလင့်ခဲ့ရတာပါ၊ သူတိုအတွက် ကျန်ခဲ့တဲ့သူတွေက ပိုလိုအစွမ်းကုန်တွန်းလှန်ကြရပါမယ်၊ စစ်အုပ်စုက သူတိုကိုမတွန်း လှန်နိုင်အောင်၊ ထိတ်လန့်အောင်၊ လူမျိုးတုန်းသတ်ဖြတ်၊ ပညာရေးကိုဖျက်ဆီး၊ ပညာရေးပျက်စီးမှ သူ တို အစဉ်ဆက်အုပ်ချုပ်နိုင်မယ်။” လို ဧရာဝတီတိုင်းမှ CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
Blood Money အဖွဲပြုစုထားတဲ့စာရင်းအရ ရန်ကုန်နဲ့ နေပြည်တော်ကလွဲလို ကျန်တဲ့တိုင်းနဲ့ပြည်နယ် တွေအားလုံးက စာသင်ကျောင်းတွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကိုင်းတိုင်းထဲမှာ ၅၈ ကျောင်းအထိဖြစ်တဲ့အတွက် အရေအတွက်အများဆုံးဖြစ်တယ်လို ဆိုထားပါတယ်။
ရခိုင်မှာ ကျောင်းပေါင်း ၃၀၊ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ၃၆ ကျောင်း၊ ကရင်မှာ ၂၄ ကျောင်း၊ ချင်းမှာ ၂၁ ကျောင်း၊ ကချင်မှာ ၅ ကျောင်း၊ မန္တလေးမှာ ၁၇ ကျောင်း၊ မကွေးမှာ ၂၇ ကျောင်း၊ ပဲခူးမှာ ၉ ကျောင်း၊ ဧရာဝတီမှာ ၂ ကျောင်း၊ ကရင်နီမှာ ၁၆ ကျောင်း၊ မွန်မှာ ၄ ကျောင်းနဲ့ တနင်္သာရီမှာ ၂ ကျောင်း တိုဟာ လေကြောင်းကနေ ဗုံးကြဲခံခဲ့ရတယ်လို ဖော်ပြထားပါတယ်။
လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းပေါင်း ၂၅၁ ကျောင်းဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတို အပြင် အခြားနည်းလမ်းတွေနဲ့တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းတွေတော့ စာရင်းထဲမှာမပါဝင်ဘူးလို ဆို ထားပါတယ်။