Photos
အကြမ်းဖက်စစ်တပ်က အာရှလမ်းပိုင်းကို စစ်ရေး နိုင်ငံရေး ဖိအားအမျိုးမျိုးသုံးပြီး ပြန်ဖွင့်၊ လုံခြုံရေးအရ စိတ်မချရသည့် အခြေအနေမှာ ဆက်ရှိနေ
_
By – People’s Radio Myanmar
Date – 3 April 2026
ကရင်ပြည်နယ် အကြမ်းဖက်စစ်တပ်အုပ်စုက ဒေသတွင်းကရင်လက်နက်ကိုင်အဖွဲအစည်းတွေ၊ စစ်တပ် ထောက်ခံသည့် ဘုန်းကြီးတွေအပြင် ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ခရီးသွားယာဉ်လိုင်းမောင်းကားတွေကို စစ်ရေး၊နိုင်ငံရေးအရ ခြိမ်းခြောက်ဖိအားပေးပြီး စစ်တပ်အင်အားတစ်ထောင်ကျော်ကို လုံခြုံရေးလမ်းကင်းချပြီး အခုဧပြီလ၂ရက်မှာလမ်းပြန်ဖွင့်ပြီး သွားလာခွင့်ပေးထားပေးထားပါတယ်။
အခုလို စစ်တပ်ကအင်အားသုံး လမ်းဖွင့်ပွဲလုပ်ပြီး သွားလာလိုရနေပြီဆိုတာမျိုးလုပ်ပြပေမယ့် နောက်ရက်တွေမှာတော့ လမ်းပိုင်းလုံခြုံရေးစိတ်မချရတဲ့ အခြေအနေရှိလာနိုင်တယ်လို မြဝတီအိမ်စီးကားယာဉ်မောင်းတွေက ပြောပါတယ်။
” မနေ့က ကရင်အဖွဲအစည်းတွေကို ဩဇာရှိတဲ့ ဘုန်းကြီးတွေနဲ့ ညှိခိုင်းပြီးလမ်းကို ဖွင့်တယ်၊ အဖွဲအစည်းတောင်ကျော်လမ်းတွေကို ပိတ်ခိုင်းထားတယ် ၊ မပိတ်ဘဲကားပေးသွားရင် လေယာဉ်ကြဲမယ် လို ခြိမ်းခြောက်ထားတယ်၊ ကုန်သည်ကားတွေ အဲ့ဒိလမ်းကပေးသွားရင်ကုန်သည်တွေ ပစ္စည်းရောကားရောသိမ်းမယ်၊ အိမ်စီးကားတွေလည်းအာရှလမ်း ကမမောင်းဆင်းတဲ့ ကားဆိုဂျိုင်းနဲ့ ဖားအံအဝင်မော်လမြိုင်အဝင်တွေမှာဖမ်းမယ်ဆိုတာမျိုးလုပ်ပြီး လမ်းကိုဖွင့်တာဘဲ ” လို ပြောပါတယ်။
ဒါအပြင် စစ်တပ်က ဖွင့်ပွဲနေ့မှာ လမ်းကင်းလုံခြုံ ရေးကိုမြိုဝင်မြိုထွက်ကင်းချ စောင်ကြပ်ထားပေမယ့်နောက်ရက်တွေမှာ ကားဖမ်းတာ၊ ပစ္စည်းဖမ်းတာ၊ ဂိတ်ကြေးကောက်တာ၊ ခြိမ်းခြောက်ငွေ တောင်းတာမျိုးတွေအပြင်KNLA မဟာမိတ်တပ်တွေ စစ်အုပ်စုဂိတ်တွေကို တိုက်ခိုက်တာမျိုးရှိလာနိုင်တယ်လို ကားသမားနဲ့ကုန်သည်အများစုက စိုးရိမ်နေတယ်လို ကုန်စည်ပို ဆောင်တဲ့ လုပ်ငန်းရှင်က ပြောပါတယ်။
“သူတိုက အခုအာရှလမ်းကို အတက်အဆင်းပေးထားတယ်၊ ဂျိုင်းတံတားဆို တံတားကြေး ၃ရက်မ ကောက်ဘူးပေါ့နော်၊ နောက်ရက်တွေဆိုရင်ဂိတ်ချပြီး မောင်းတံဂိတ်တွေပေါ်လာတော့မလား၊ ပစ္စည်းဖမ်း၊ ကားဖမ်းမလား၊ ခြိမ်းခြောက်ငွေညှစ်မလား၊ ကားဆင်းလာရင်းနဲ့ စစ်တပ်ဂိတ်တွေကို ကရင်အဖွဲတွေ ဝင်ပစ်လိုတိုက်ပွဲဖြစ်တာမျိုး၊ ကုန်ကား၊ ဆီကား၊ ခရီးသည်တင်ကားတွေပစ်ခံရတာ၊ မီးရှိခံရတာမျိုးဖြစ်မှာကို စိုးရိမ်နေရတယ် ” လို ပြောပါတယ်။
အခုလိုအခြေအနေအပြင် လက်ရှိကရင်လက်နက်ကိုင်အဖွဲတွေ ရဲ့တစ်ပိုင်စားလမ်းပိုင်းတွေကို ကားသွားလာခွင့်မပေးတော့ဘဲအပြီးပိတ်ရတာမျိုးစစ်တပ်ကလုပ်လာရင်လည်းကရင်အပစ်ရပ်လက်နက်ကိုင်အဖွဲတွေနဲ့ပဠိပက္ခတွေဖြစ်လာနိုင်တယ်လို မြဝတီကုန်သည်တစ်ယောက်ကပြောပါတယ်။
“BGF ၁၀၁၈ လမ်း ၊ထိုကော်ကိုးPc လမ်း၊ ကြက်ဥ တောင်လမ်းတွေက အဖွဲအစည်းတွေ ထိုင်းကုန်ဆင်းတယ်၊ ပြည်ပပိုတဲ့ပဲပြောင်း၊ ငရုပ်၊ ကြက်သွန်ကားတွေသွားနေတာကို အာရှလမ်းကသွားခိုင်းမယ်၊ ဂိတ်ကြေးကောက်မယ် ၊ ဂျူတီကုန်၊ ဂျူတီစာရွက်ပွား၊ ကားအပွားတွေနဲ့ ဆင်းနေရမယ်ဆိုရင် စစ်တပ်ကဖမ်းမယ်လေ၊ အဲ့ကျရင်ပြန်ရွေးရတဲ့စရိတ်လမ်းကြေးဂိတ်ကြေးတွေ ပိုကုန်ပြီး ကရင်အဖွဲအစည်းတွေနဲ့ပြသနာရှိလာနိုင်တယ်” လို မြဝတီကုန်သည်တစ်ဦး ပြောပါတယ်။
လတ်တလော ကရင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအများစုမှာ စစ်အုပ်စုဝန်ထမ်းများနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကရင်လက်နက်ကိုင်အဖွဲ အစည်းအမည်ခံစီးပွားရေးလုပ်ပိုင်ခွင့်ရယူကာ တရားမဝင်စီးပွားရေးလုပ်ကြတဲ့အခြေအနေကနေ တရားဝင်လုပ်လိုရတဲ့ ကုန်သွယ်ရေးစနစ်ကို ပြောင်းလဲလာနိုင်မှာမဟုတ်သေးဘူးလို မြဝတီမြိုခံစီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
#peopleradiomyanmar #အာရှလမ်း