Photos
အမေရိကန် စစ်ဘက်ရာထူးတိုးလုပ်ငန်းမှာ ကာကွယ်ရေးဝန်ကြီး စွက်ဖက်မှုအပေါ် စိုးရိမ်မှုရှိနေ
By – Hein
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ စစ်ဘက်ရာထူးတိုးမြှင့်မှု လုပ်ငန်းစဉ်များမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုတွေ လုပ်နေတယ်လို သတင်းတွေထွက်ပေါ်လာပြီးနောက် အငြင်းပွားမှုများ တိုးလာနေပါတယ်။
သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ Hegseth ဟာ အတည်ပြုရမည့် စစ်တပ်အဆင့်မြင့်ရာထူးတိုးစာရင်း အရာရှိအချိုရဲ့ အမည်တွေကို ဖယ်ရှားခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီသလို ဖယ်ရှားခံရသူများထဲမှာ အမျိုးသမီးများနဲ့ လူမျိုးစုလူနည်းစုအဖွဲဝင်များ ပါဝင်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ဒီကိစ္စအပေါ် အမေရိကန်လွှတ်တော်နဲ့ စစ်ဌာနအတွင်း စိုးရိမ်မှုများ တိုးလာနေပြီး စစ်တပ်ရဲ့ လွတ်လပ်မှုနဲ့ မူဝါဒဆိုင်ရာ တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဆိုပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအရ ရာထူးတိုးမှုများကို သီးခြားဘုတ်အဖွဲများက အရည်အချင်းအပေါ် အခြေခံ၍ ရွေးချယ်ပြီး အစိုးရအဆင့်မြင့်အရာရှိများက တစ်စုတည်း အတည်ပြုပေးရတာပါ။
#Peopleradiomyanmar #US #အမေရိကန်