အကြမ်းဖက်စစ်တပ်က ဒေသသုံးတစ်ပိုင်တစ်နိုင်သယ်လာတဲ့ထိုင်းကုန်စည်တွေကို ဖားအံ/ကျားကလေးလမ်းခွဲကနေ အဖွဲစုံ

Photos
အကြမ်းဖက်စစ်တပ်က ဒေသသုံးတစ်ပိုင်တစ်နိုင်သယ်လာတဲ့ထိုင်းကုန်စည်တွေကို ဖားအံ/ကျားကလေးလမ်းခွဲကနေ အဖွဲစုံဂိတ်ချပြီး ဖမ်းဆီးငွေညှစ်တောင်းယူနေ။

By_People’s Radio Myanmar
Date_6 April,2026

ကရင်ပြည်နယ်ထဲက အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်ဖွဲတွေ ဂျိုင်းတံတားတစ်ဘက်ကမ်းက ဖားအံမြိုနယ်အပိုင် ကျားကလေး/ဇာသပြင်/သာမည/အိန္ဒု လမ်းခွဲလမ်းဆုံနေရာတွင် စစ်ကတုတ်ဘန်ကာတွေ အခိုင်အမာတည်ဆောက်ဂိတ်ချကာ အာရှလမ်းပြန်ဖွင့်တဲ့ဧပြီ ၂ ရက် နောက်ပိုင်းကစပြီး မြဝတီဘက်က ထိုင်းကုန်စည်တွေကို ဒေသတွင်းလက်လီသုံးဖို တစ်ပိုင်တစ်နိုင်တင်လာတဲ့ကားတွေကို စစ်ဆေးဖမ်းဆီး ငွေညှစ်တောင်းယူနေတယ်လိုသိရပါတယ်။

အခုရက်ပိုင်းထဲ မှာ မြဝတီ/ ကော့ကရိတ်-အာရှလမ်းမသစ်ကို စစ်တပ်ကလုံခြုံရေးချထားပြီးလမ်းပြန်ဖွင့်ပေးထားချိန်မှာ စစ်တပ်နဲ့ BGF တပ်က ကျားကလေးဂိတ်က အဖွဲစုံထိုင်ပြီး ထိုင်းပစ္စည်းဖမ်းနေသလို မြဝတီအထိ့ စစ်တပ်စစ်ဆေးရေးဂိတ်၁၅နေရာလောက် စစ်ဆေးနေတယ်လို ခရီးသွားရာက မြဝတီမြိုကို ပြန်လာတဲ့မြိုခံတစ်ယောက်က PRM ကိုပြောပါတယ်။

” ဖားအံကနေ မြဝတီပြန်တက်လာတာ၊ကျားကလေးလမ်းဆုံ မှာစစ်တပ်နဲ့၊Bgf ၊ကာစတန်၊ ရဲ၊လဝကအဖွဲစုံ စစ်တယ် ၊ထိုင်းပစ္စည်းပိုတဲ့ ရွာကားတွေအကုန်ဖမ်း၊ဝပ်‌သောက်ကားဖမ်းတယ်။ဂိတ်ကြေးပိုက်ဆံတောင်းပြီးပေးသွားတယ်၊‌ကျုံဒိုး၊‌ကော့ကရိတ်ကနေ မြဝတီအထိ့ BGF နဲ့စစ်တပ်ဂိတ် ၁၅လောက်စစ်တယ်၊ကျန်တာကလမ်းဘေးတွေမှာစစ်တပ်လမ်းကင်းချထားတယ်” လို မြဝတီမြိုခံ က ပြောပါတယ်။

ဒါ့အပြင် ဒေသအတွင်းသွားလာနေကြတဲ့ ခရီးသယ်တင်ကား၊ တစ်ပိုင်တစ်နိုင်ဒေသတွင်း ကုန်စည်ပိုပေးတဲ့ကုန်ကားတွေကို ဖားအံမြိုဝင်/မြိုထွက် စစ်တပ်ဂိတ်တွေက အာရှလမ်းကနေ ကော့ကရိတ်၊မြဝတီအာရှလမ်းက သွားဖိုပြောဆိုဖိအားပေးတာအပြင် ကရင်လက်နက်ကိုင်အဖွဲ လမ်းဖောက်သွားလာနေတဲ့ ထိုကော်ကိုး၊ကြက်ဥတောင်၊၁၀၁၈လမ်းတွေကနေ မြဝတီဘက်ကိုသွားခွင့်မပြုဘူးလို တားမြစ်ပြောဆိုတာတွေရှိနေပါတယ်။

” စစ်တပ်က နောင်လုံဂိတ်၊အိန္ဒုဂိတ်၊ထီလုံဂိတ်တွေ မှာ ကားတွေစစ်တယ်၊ မြဝတီ/ကော့ကရိတ်တက်မယ့်ကားဆို အာရှလမ်းဘဲသွားရမယ်၊ တစ်ခြားလမ်းကသွားရင်ဖမ်းမယ်၊ထို‌ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊၁၀၁၈ bgf လမ်းတွေပိတ်ထားတယ်၊ကားပြန်လှည့်ပြီး အာရှလမ်းကသွားပါလိုပြောလို အာရှလမ်းကဘဲ မြဝတီတက်လာရတယ်၊သူတိုအဖွဲအစည်းကားနဲ့အဖွဲအစည်းလူတွေဆိုရင်တော့ သွားခွင့်ပေးတယ်” လို ဖားအံယာဉ်မောင်းတစ်ယောက်က PRM ကိုပြောပါတယ်။

အခုရက်ပိုင်းမှာတော့ အာရှလမ်းကိုစစ်တပ်က လုံခြုံရေးအင်အားတိုးချထားပြီး ခရီးသွားကား၊ တစ်ပိုင်တစ်နိုင်ကုန်စည်တင်ကားတွေကို သွားလာခွင့်ပြုထားပေမယ့် ထိုင်းကုန်စည်တင်ကုန်ကားကြီးနဲ့ တွဲကားကြီးတွေ ၊ယန္တယားနဲ့ စက်ပစ္စည်းကားတွေကိုတော့ ဖားအံ၊ မော်လမြိုင်လမ်းပိုင်းအတိုင်း ပြည်တွင်းကို သယ်ဆောင်သွားလာခွင့် မပေးသေးပါဘူး။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *