အကြမ်းဖက်စစ်တပ်ကို ပြည်ပပို့ကုန်ရငွေ မပေးသွင်းတဲ့ ခရိုနီ ဦးတေဇ မိသားစုဝင်များကို Black List (နာမည်ပ

Photos
အကြမ်းဖက်စစ်တပ်ကို ပြည်ပပို့ကုန်ရငွေ မပေးသွင်းတဲ့ ခရိုနီ ဦးတေဇ မိသားစုဝင်များကို Black List (နာမည်ပျက်) စာရင်းသွင်း။

By – ထက်မြတ်
Date – April 5, 2026

မြန်မာနိုင်ငံရဲ့ ခရိုနီစီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဦးတေဇမိသားစုဝင်များနဲ့ ထူးကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေကို စစ်တပ်က ပြည်ပပို့ကုန်ရငွေတွေ မပေးသွင်းတာကြောင့် Black List (နာမည်ပျက်)စာရင်းသွင်းလိုက်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က စစ်တပ်သတင်းစာက နေကြေညာလိုက်ပါတယ်။

မတ်လ ၄ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပို့ကုန်ရငွေက အခွန်အခအဖြစ် နိုင်ငံခြားငွေများပေးသွင်းခြင်းမရှိတဲ့ စီးပွားရေးသမားများ နဲ့ ကုမ္ပဏီ ၂၈၇ ခုကို အမည်ပျက်စာရင်းကြေညာခဲ့တာမှာ ထူးကုမ္ပဏီ နဲ့ ဦးတေဇအပါအဝင်၊ သားပြည့်ဖြိုးတေဇ ၊ မိုးသက်တင်တို့ကိုပါစစ်တပ်ကနာမည်ပျက်စာရင်းကြေညာခဲ့တာပါ။

နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်တဲ့ ပို့ကုန်တင်ပိုမှုမှ ရရှိငွေများအပြည့်အဝရရှိနိုင်ဖို အဓိကကျတဲ့အချက်ဖြစ်သည့်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ − ခ နဲ့ ပို့ကုန်တင်ပို့ထားပြီးတဲ့ ရက် (၆၀) အတွင်း ပို့ကုန်တင်ပို့သူများအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်း နဲ့ မပျက်မကွက်ထည့်သွင်းဖို ပြဠာန်းသတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ (FEML) အခန်း (၁၁) ပုဒ်မ ၃၈ − ခ တွင် ပို့ကုန်ငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ဘဏ်ငွေစာရင်းသွင်းပြီး နိုင်ငံခြားသုံးငွေထည့်သွင်းဖို့ ပျက်ကွက်ခြင်းမရှိဖို့ နဲ့ အကယ်၍တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂ − က အရ အဲ့ဒိ စီးပွားရေးသမားကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမှာဖြစ်တယ်လိုဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ၊ဘဏ္ဍားရေး နဲ့ အခွန်ဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန ၊ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နဲ့ AD လိုင်စင်ရဘဏ်များပူးပေါင်းပြီး ပို့ကုန်ရငွေ မှ နိုင်ငံခြား ငွေ ထည့်သွင်းပြီး ငွေစာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းတာတွေကိုလုပ်နေတာပါ။

၂၀၂၆ ခုနှစ်မတ်လ ၂၆ ရက်နေ့ကနေ စီစစ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပိုကုန်တင်ပိုခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိနေတဲ့ကုမ္ပဏီ ၂၈၇ ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအတိုင်းလိုက်နာခြင်းမရှိသည့်ကုမ္ပဏီနဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲဝင်များကိုအမည်ပျက်စာရင်းထည့်သွင်းထား ကြောင်း သိရပါတယ်။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *