အကြမ်းဖက်စစ်တပ်က အရပ်သားကားတွေကို စုစည်းအကြပ်ကိုင်ကာ မြဝတီ၊‌ ကော့ကရိတ် အာရှလမ်းက မောင်းဆင်းခိုင်း

Photos

_
By-People’s Radio Myanmar
Date-2 April,2026

မြဝတီအကြမ်းဖက်စစ်တပ်က ဒီကနေ့ ဧပြီလ ၂ရက်နေ့ မနက်ပိုင်းမှာ သင်္ဃန်းညီနောင်လမ်းဆုံနေရာက နေ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ BGF လမ်းပိုင်းတွေကနေ ကော့ကရိတ်-ဖားအံဘက် ဆင်းမယ့် အိမ်စီးကားတွေကို မြဝတီ-အာရှလမ်းဖွင့်ပွဲလုပ်သည့်နေရာကို အကြပ်ကိုင်ခေါ်ယူပြီး ပရိတ်ရွတ်သည့် ဘုန်းကြီးကားယာဉ်တန်းနဲ့ကော့ကရိတ်ကို မောင်းဆင်းခိုင်းတယ်လို့ သိရပါတယ်။

အဲဒီအာရှလမ်းဖွင့်ဖို့အတွက် စစ်တပ်က မြဝတီကားသမားတွေကို BGF /PC ထိန်းချုပ်လမ်းတွေကို လမ်းပိတ်ထားဖို့ ဖိအားပေးထားပြီး ဒီနေ့မနက်ပိုင်း ကော့ကရိတ် ဆင်းမယ့်ကားတွေကို ပေးမဆင်းဘဲ အာရှလမ်းဘက်က မောင်းဆင်းခိုင်းနေတယ်လို့ အခြေအနေသိတဲ့ ယာဉ်မောင်းတစ်ယောက်က PRM ကို ပြောပါတယ်။

” ညကထဲကထို့ ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတွေကို လမ်းပိတ်ခိုင်းထားတယ်၊ မြဝတီအဆင်းကားမှန်သမျှကို ဒီမနက်မှာညီနောင်မှာတားပြီးတော့ သူတို့လမ်းဖွင့်တဲ့ ပရိတ်ရွတ်ကားယာဉ်တန်းနဲ့ လမ်းဖွင့်ပွဲလုပ်ပြီး လိုက်ဆင်းခိုင်းတယ် ကော့ကရိတ်၊ ဂျိုင်းအထိပေါ့နော်” ဟု ပြောပါတယ်။

အခုလို စစ်တပ်က အာရှလမ်းပြန်ဖွင့်တာကို ဖားအံ မော်လမြိုင်သွားဖို့အတွက် ဂျိုင်းဂျပန်ကြိုးဆိုင်းတံတားဖြတ်ခကို ၃ရက် အခမဲ့ဖြတ်သန်းခွင့်ပြုထားတယ်လို့ လည်းသိရပါတယ်။

အလားတူ ဖားအံ လွန်းညရွာဘက်မှာလည်း အာရှလမ်းပိုင်းစတင်ဖောက်လုပ်တဲ့နေရာမှာ တစ်ကျော့ပြန်လမ်းဖွင့်ပွဲကို ဖားအံစစ်အုပ်စုက ပြန်လုပ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ့တော့ အာရှလမ်းပိုင်းမြဝတီ−ကော့ကရိတ်နယ်ထဲမှာတော့ ခရီးသွားကားတွေစပြီး သွားလာနေတဲ့အပေါ် စစ်အာဏာရှင်တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်တာ၊ စစ်တပ်အုပ်စုနဲ့ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးပါဘူး။

အဲဒီလမ်းပိုင်းဟာ KNLA မဟာမိတ်တပ်တွေနဲ့ စစ်အုပ်စုတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ၂နှစ်ကျော်အကြာ အသွားအလာပိတ်ထားသည့်အခြေအနေကနေ စစ်အုပ်စုကပြန်ဖွင့်ပြီး သွားလာခိုင်းနေပေမယ့် လုံခြုံရေးအရစိတ်ချရတဲ့အခြေအနေမရှိသေးလို့ ကုန်စည်ကားတွေကိုလည်း သွားလာခွင့်မပြုသေးဘူး လို့ သိရပါတယ်။

#peoplesradiomyanmar
#ကရင်ပြည်နယ်
#အာရှလမ်း
#BGF

Leave a Reply

Your email address will not be published. Required fields are marked *