ဖိလစ်ပိုင်နဲ့ ဗီယက်နမ် မဟာဗျူဟာမိတ်ဖက်အဆင့် တိုးမြှင့်

ဇွန်လ – ၃ ရက်

ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့် တိုးမြှင့်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုကနေ တောင်တရုတ်ပင်လယ်ဒေသ ငြိမ်းချမ်းရေး တည်ငြိမ်ရေးဟာ အရေးပါတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် နှစ်နိုင်ငံအလေးထားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်ဒေသဟာ အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါတဲ့ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး နိုင်ငံအများအပြား ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတွေကြောင့် နှစ်ရှည်လများ တင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။
ဒါကြောင့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ထိန်းသိမ်းဖို့ ဆက်လက်ပူးပေါင်းသွားမယ်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြတယ်လို့ နှစ်နိုင်ငံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ ပင်လယ်ရေကြောင်း လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကိုးကား – reuters
ဓါတ်ပုံ – reuters

Leave a Reply

Your email address will not be published. Required fields are marked *