အုတ်ဖိုမှာ ရဲကွန်မန်ဒိုတယောက် လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ၊ ပေါ်တာဆွဲခံထားရသူ တဦးကို လည်း ကယ်တင်နိုင်ခဲ့

June 2 2026
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရဲကွန်မန်ဒိုတယောက်ကို သာ ယာဝတီခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၃၁ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင် ဖမ်းမိထားတယ်လို့ သိရပါတယ်။
မေလ ၃၁ ရက် မနက် ၆ နာရီခန့်က အုတ်ဖိုမြို့နယ် ချောင်းခွရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းကို ရိက္ခာပို့လာတဲ့ နေပြည်တော်တပ်ရင်း ၁၇ က ရဲကွန်မန်ဒို မင်းမင်းထွန်း (ကိုယ်ပိုင်အမှတ်-လ/၃၀၈၁၈၄) ကို ချောင်းခွရွာအနီးမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က ဇွန်လ ၂ ရက် ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
သူနဲ့အတူ ပေါ်တာဆွဲခံထားရတဲ့ (ပစ) စစ်မှုထမ်းတပ်သားတဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သာ ယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ တာဝန်ရှိသူက People Radio Myanmar ကို ပြောပါတယ်။
‘ကျွန်တော်တို့စပြီးဖမ်းဆီးတုန်းကတော့ ဓာတ်ပုံတွေဘာတွေရိုက်တုန်းကတော့ နှစ်ယောက်လုံးက ရဲ ကွန်မန်ဒိုတွေလို့ပဲထင်တာ၊ စစ်လိုက်တဲ့အခါမှာကျမှ သိတာပါ၊ သူက ပေါ်တာဆွဲခံလိုက်ရပြီး အဲဒီစစ် ကြောင်းစပြီးထိုးတုန်းက ပေါ်တာဆွဲခံရတဲ့ ပစ ဖြစ်နေတာပေါ့နော်။’ လို့ ပြောပါတယ်။
ပေါ်တာဆွဲခံထားရတဲ့ ကိုအောင်ပိုင်စိုး (ခ) ကိုငပိုင် ဟာ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကလေးကျေးရွာ အုပ်စု၊ သရက်တောကျေးရွာကလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချောင်းခွရွာကို မေလ ၃၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုးကာ အခုလက်ရှိ အဲဒီရွာမှာတပ်စွဲထားပြီး ဒီနေ့မွန်းလွဲ ၁၂ နာရီခွဲလောက်က ရွာထဲကအိမ်တွေမီးရှို့နေတာ အခုတကြိမ်နဲ့ ဆို ၃ ကြိမ်မြောက်ရှိပြီလို့ ပြောပါတယ်။
ရွာသားတွေလည်း ဘေးလွတ်ရာထွက်ပြေးနေကြရပြီး ရွာထဲပြန်မဝင်နိုင်သေးတာမို့ မီးရှို့ခံရတဲ့ပျက်စီး ဆုံးရှုံးမှုအသေးစိတ်အခြေအနေ မသိရသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *