မြစ်ကြီးနားမြိုတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်သမား၏ခြေထောက်ပြင်းထန်ဒဏ်ရာရကာ ကားမောင်းသူ ထွက်ပြေး။

ဇွန် ၊ ၁ ၊ ၂၀၂၆။

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို ၊အေးစေတီရပ်ကွက်မှာ မနေ့ည မေလ ၃၁ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်လောက်မှာ ဆိုင်ကယ်နဲ့ကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူ ခြေထောက်တဖက် ပြင်းထန်ဒဏ်ရာရကာ ကားမောင်းသူကတော့ ထွက်ပြေးနေတယ်လို သိရပါတယ်။

ဆိုင်ကယ်မောင်းနှင်လာသူကို ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့မိတာကြောင့် ဆိုင်ကယ်မောင်းသူ အခြေနေစိုးရိမ်ရကြောင်းနဲ့ ယာဥ်မောင်းသမားထွက်ပြေးလွတ်မြောက်နေတယ်လို သိရပါတယ်။

” မှောင်မည်းနေတဲ့ချိန်ဆိုတော့ ဘာမှမမြင်တာ။ ကားသမားမူးတယ်လိုလည်ပြောတယ်။ အစကတိုက်ပြီးကားသမားကရပ်ကြည့်သေးတယ်။ အခြေနေမဟန်တာသိသွားလိုနေမှာ တန်းကိုမောင်းပြေးတော့တာ” လို အေးစေတီရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ဒဏ်ရာရရှိသူမှာ ရွှေညောင်ပင်ရပ်ကွက် ရှမ်းထက်အောင် အရက်ဆိုင်နားမှာ နေထိုင်သူလိုသိရပြီး လူနာကို မြစ်ကြီးနားမြို ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ထားတယ်လို သိရှိရပါတယ်။

” လောလောဆယ်ညာဖက်ခြေတစ်ဖက်တော့ဖြတ်ရမဲ့အနေထားရှိတယ်။ ဧရာဝတီဂရုဏာ လူမှုကူညီရေးအသင်းက လာသယ်သွားပြီဆေးရုံကိုပိုထားလိုက်ပါပြီတဲ့” လို ရွှေညောင်ပင်ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အလားတူ မနေ့ည မေလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်မှာလည်း ယုဇနရပ်ကွက် ကျောင်းထိုင်ဘုန်းကြီးကျောင်းကုန်းဆင်းနားမှာ ထိုင်နေတဲ့အဒေါ်ကြီးရဲ့ ခြေထောက်တစ်ဖက်ကိုကားကြိတ်သွားတာကြောင့် ဆေးရုံသိုပိုဆောင်လိုက်ရတယ်လိုလည်း သိရှိရပါတယ်။

သတင်း- Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

ပုံစာ – ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို ၊ အေးစေတီရပ်ကွက်နဲ့ ယုဇနရပ်ကွက်တိုတွင် ကားမတော်တဆဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့်အခြေအနေအား တွေ့မြင်ရစဉ်။


Leave a Reply

Your email address will not be published. Required fields are marked *