Photos
အကြမ်းဖက်စစ်အုပ်စုက ချောင်းရှည်ရွာကို အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်လို ပြည်သူ ၂ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ။
By – ထက်မြတ်
Date – April 4, 2026
မန္တလေးတိုင်း ၊ ညောင်ဦးမြိုနယ် ၊ ချောင်းရှည်ရွာထဲကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိတယ်လို ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ညောင်ဦးမြိုနယ်ထဲက နတ်ပလင်ရွာမှာ နယ်မြေရှင်းလင်းရေးစစ်ကြောင်း
အထိုင်ချထားပြီး တော်လှန်ရေးတပ်တွေ စစ်ရေးလှုပ်ရှားတဲ့ ကျေးရွာတွေဘက်ကို ဆက်ပြီး စစ်ကြောင်းမထိုးရဲတာကြောင့် အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။
” မနေညကတည်းက စစ်ကြောင်းထိုးဖိုလုပ်နေတာ မလာရဲလို ရမ်းသန်းပြီး အပြစ်မဲ့ပြည်သူတွေကို သတ်နေတာ တိုက်ပွဲနဲ့ပတ်သတ်လို ဘာမှမရှိဘူး ။နတ်ပလင် ရွာကနေ လှမ်းပြစ်တာလိုပြောတယ် တပ်ဆွဲပြီး” လို ညောင်ဦးနယ်ခံတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။
အခုလို စစ်တပ်က လက်နက်ကြီးတွေ နဲ့ ရန်းသမ်းပစ်ခတ်နေတာမှာ ဧပြီလ ၃ ရက် ညဦးပိုင်းလောက်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တာမှာတော့
ချောင်းရှည်ရွာထဲကို ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ချောင်းရှည်ရွာက ကျောင်းဆရာမ ဒေါ်ဝင်းမာ (၅၀) နှစ် နဲ့ မပပလှိင် (၃၀)ကျော်တိုနှစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင်မတ်လ ၄ ရက် နေ့မှာလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ချောင်းရှည်ရွာက ထန်းတက်သမား ဦးခွက်တိုးဒူးခေါင်းထိမှန် ဒဏ်ရရခဲ့တယ်လို သိရပါတယ်။
” တကယ်တမ်းတော့ လက်နက်ကြီးက ၄ လုံးပစ်တာ ၂ လုံးကတစ်ခြားရွာကိုကျပြီးတော့ ၂ လုံးက ချောင်းရှည်ရွာကိုကျတယ်။ဆရာမက ဘုရားရှစ်ခိုးရင်း ခေါင်းတည့်တည့်မှန်တာ။ ထန်းတက်သမားကလည်း အဲ့ရွာကလူပါပဲ” လိုအထက်ပါဒေသခံ ကဆက်ပြောပါတယ်။
အဲ့ဒိ စစ်တပ်စစ်ကြောင်းဟာ မတ်လ ၁၈ ရက်နေ့ကကျောက်ပန်းတောင်မြိုနယ် အင်ပင်ရွာကိုဝင်လာပြီး ရွာထဲက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါသေးတယ်။
လတ်တလော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိအကြမ်းဖက်စစ်အုပ်စုကြောင့် မကွေးတိုင်းထဲက အမျိုးသမီး (၁၇) ဦး နဲ့ အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၉) ဦး သေဆုံးခဲ့တယ်လို ထုတ်ပြန်ချက်တွေအရသိရပါတယ်။