ဩဂုတ် ၁၃၊ ၂၀၂၆
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ သံလွင်မြစ်ဒီရေတိုးပြီး ရေကြီး ရေလွမ်းလာတဲ့အပေါ် စစ်အုပ်စုက ဖားအံမြို့ပေါ်ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ပြီး အကူအညီပေးနေတဲ့ သတင်းတွေဖြန့်ဝေနေပေမယ့် သံလွင်မြစ်ရိုးတစ်လျှောက်ကကျေးရွာတွေ ရေကြီးရေလွမ်းနေတဲ့အခြေအနေအပေါ်မှာတော့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်တာမျိုးမရှိဘူးလို့ သိရပါတယ်။
လက်ရှိ သံလွင်မြစ်ရေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၇နာရီ ၃၀ မိနစ် အချိန်တိုင်းတာချက်အရ ဘားအံမြို့မှာ (848 cm) သို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်(750 cm)အထက် (၉၈ cm) ကျော်လွန် ဒီ ရေတိုးနေတာကြောင့် ဖားအံမြို့နယ် သံလွင်မြစ်ကမ်းဘေးကျေးရွာပေါင်း ၄၀ နီးပါး ရေကြီးရေလွမ်းတာကို ကြုံတွေနေရပါတယ်။
အဲဒီအခြေအနေအပေါ် ရေဘေးလွတ်ရာရွေ့ပြောင်းကယ်ဆယ်ရေးအစီအစဉ်တွေကို ကျေးရွာကိုယ်ထူကိုယ်ထအစီအစဉ်နဲ့သာ ရွေ့ပြောင်းနေထိုင်နေရတယ်လို့ မင်းဇီသိုက်တောကျေးရွာဒေသခံက ပြောပါတယ်။
” ရေတိုးနေတာ ၅ရက်ရှိပြီ၊ မိုးကမရပ်ဘူးရွာနေတုန်းဘဲ၊ အိမ်က ပစ္စည်းတွေရေလွတ်မယ့်နေရာတွေရွေ့ပြီး လူကလည်းအပေါ်ထပ်ရှိတဲ့ အိမ်တွေသွား ပေါင်း နေနေရတယ်၊ ကယ်ဆယ်ရေးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘဲ၊ ဘယ်ကမှာလာပြီး ထောက်ပံကူညီတာမျိုးမရှိဘူး” လို့ပြောပြပါတယ်။
လက်ရှိဖားအံ မြို့နယ်ထဲမှာတော့ ထုံးအိုင်၊ ဇာသပြင်၊ မုက္ကထိ့၊ မြိုင်ကလေး၊ ဖားကပ်၊ ဝတ်ကြီး၊ သိုက် တော၊ ဥဒေါင်းနဲ့ ရွေဂွန်း၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့အထိ ရေကြီး ရေလွမ်းမှုတွေရှိနေလို့ မြိုနယ်ကျေးရွာခြင်းဆက်လမ်းတွေ ရေကျော်စီးဆင်းနေတာကြာင့်
ကား/ဆိုင်ကယ်သွားလာမရတော့ဘဲ စက်လှေအသုံးပြုသွားလာနေရပါတယ်။
ဖားအံမြို့ပေါ်မှာတော့ စစ်အုပ်စုအုပ်ချုပ်ရေးနဲ့ စစ်တပ်ထောက်ခံတဲ့ အစုအဖွဲ့ တွေကတော့ ရေလွှမ်းနစ်မြုတ်နေတဲ့ ရပ်ကွက်နေရာတွေမှာ စားသောက်စရာဝေငှပြီး လူမှုကွန်ယက်ပေါ် တင်ကြတဲ့ ရေဘေးကူညီမှုဓါတ်ပုံနဲ့ ရုပ်သံတွေကိုသာ တွေ့မြင်နေရပါတယ်။