ကရင်ပြည်နယ်မြဝတီမြို့ က သောင်ရင်းမြစ်ရေ ဟာ ဩဂုတ်လ ၂၀ရက် ညပိုင်းကစပြီး ရေတိုးဝင်လာ နေရာမှ ဒီကနေ့ ဩဂုတ်လ ၂၁ ရက် မနက်ပိုင်း ၁၀နာရီအချိန်တွင် စိုးရိမ်ရေမှတ်(963 cm)စင်တီမီတာ အထက် (1141)cm စင်တီမီတာကို ကျော်လွန်ရောက်ရှိနေပြီး မုတ်သုန်မိုးရေချိန် (2.64) လက်မ အထိ အဆက်မပြတ် ရွာသွန်း နေတာကြောင့် သောင်းရင်းမြစ်ဘေးတစ်လျှောက် နေရာတွေမှာ ၅ ပေ မှ ၇ ပေခန့်အထိ မြစ်ရေမြင့်တက်လာနေတယ်လို့ သိရပါတယ်။
အခုလို တစ်မနက်အတွင်း မြစ်ရေတိုးလာတာကြောင့် သောင်ရင်းမြစ် ရေလည်ကျွန်း(ရွှေကျွန်း)နေရာနဲ့ အမှတ်၁ ရပ်ကွက်၊ ကြံခင်း၊မိုးကုတ်၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ် မှ မြစ်ကမ်းဘေးနေရာတစ်လျှောက် ရေကြီး ရေကျော်ဝင် ရောက်လာနေတယ်လို့ ဗလီလမ်းမှာ နေထိုင်သူက ပြောပါတယ်။
” အခုရေက အိမ်အောက်ထပ် မြုတ်နေပီ၊ ကိုးနဝင်း ကျောင်းဘက်ပြောင်းနေရတယ်၊ ကမ်းနားပိုင်း တွေ၊ဂိတ် တွေ အကုန်မြုပ်ပြီ၊ မိုးဆက်ရွာရင် တော့ ရေဆက်တိုးနေမှာဘဲ၊ ညကတည်းက ရေဘေး ရှောင်ဖို့ လိုက် အော် လိုက် ခေါ် နေတော့ လူတွေတော့ ရှောင်ကြတာ ပေါ့ နော်၊ရေတိုး လာတာ မြန်မှမြန်ဘဲ အခု လူတစ်ရပ် ၅ ပေကျော် လောက်ဖြစ်လာပီ” လို့ ပြောပြပါတယ်။
လတ်တလောမဲဆောက်မြို့တွင်းမှာလည်း မိုးရေနဲ့ တောင်ကျရေ မြို့လည် မြောင်းတွေကနေ ရေကျော်ပြီး မဲဆောက်မြန်မာဈေး အောက်လမ်း၊ရဲစခန်းလမ်း၊ တရုတ်ဘုံကျောင်းလမ်း ၊ ဟုန်လုံကုန်တိုက်လမ်းများရေကျော်နေသလို၊ မဲဆောက်ကမ်းနားရပ်ကွက်နဲ့ ဈေးရုံ ရေကြီးရေလွှမ်းနေတယ်လို့သိရပါတယ်။
အခုလို သောင်ရင်းမြစ် ရေကြီး ရေလွှမ်း လာနေတာမှာတော့ မိုးအဆက်မပြတ် ရွာသွန်းနေ ပါက နောက်နှစ်ရက်အထိ မြစ်ရေဆက်ကြီးနိုင်ပြီး ရေ ဘေး အန္တရာယ်ကျရောက်လာနိုင်မယ့် အခြေ အနေရှိတာကြောင့် ရေဘေးလွတ်ရာ ကြိုတင် ရှောင်တိမ်း နေထိုင်ကြဖို့ ထိုင်းအာဏာပိုင်တွေကအသိပေး ရွေ့ပြောင်းတာတွေလုပ်ဆောင်နေပါတယ်။