ရှုံးရင်ပေးဆပ်မှု များမဲ့သန့်ဇင်

Mobile uploads
ရှုံးရင်ပေးဆပ်မှု များမဲ့သန့်ဇင်

By – Lin Kha

လာမဲ့သောကြာနေ့မှာကစားမဲ့ One Lumpinee 149
မှာမြန်မာကစားသမား ၂ယောက်ဖြစ်တဲ့ သန့်ဇင် နဲ့ အောက်ချင်းလေးတို့ပွဲစဉ်ပါဝင်ပါတယ်။

One championship ရဲ့အစပိုင်းနေ့ရက်တွေမှာ ရလဒ်ကောင်းတွ ဆက်တိုက်ရရှိပြီးတဟုန်းထိုး နာမည်ကျော်လာတဲ့ သန့်ဇင်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားပြီး နောက်ဆုံး ၄ ပွဲဆက်ကိုရှုံးနိမ့်ထားပါတယ်။

သန့်ဇင်ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်တွေမှာ တာခဲရုလို
ကမ္ဘာ့အဆင့်ကစားသမား ပါဝင်သလို စူရီယန်လတ် နဲ့ ဂင်ဆန်လက် တို့လို့ ဝါရင့်နာမည်ကျော်မွေးထိုင်းကစားသမားတွ ပါဝင်နေခဲ့လို့ အများကြီးအပြစ်မဆိုသာပါဘူး။

မနက်ဖြန်ညမှာ ကစားမဲ့ ပွဲစဉ်မှာတော့ ၁၈ နှစ်သား ဂျာရတ်ချိုင်းနဲ့ တွေ့ဆုံမှာဖြစ်လို့ အရင်ပွဲတွေထက် ပွဲချောင်တယ်လို့ဆိုရမှာပါ။ ဂျာရတ်ချိုင်းက အရင်ပြိုင်ဖက်တွေထက် profile နိမ့်ပေမဲ့ အရမ်းကြီးလွယ်ကူတဲ့ပြိုင်ဘက်မျိုးတော့လည်းမဟုတ်ပါဘူး။

အသက် ၁၈ နှစ်အရွယ်မှာပဲ ပွဲပေါင်း ၁၀၀ ကျော်ကစားထားပြီး One championship မှာကစားထားတဲ့ ၂ ပွဲလုံးကိုလည်း အနိုင်ကစားထားပါတယ်။ ဂျာရတ်ချိုင်း ရဲ့အရပ်အမြင့် ၆ ပေ ကလည်း ၅ပေ ၇လက်မ သာရှိတဲ့ သန့်ဇင်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။

သန့်ဇင်အတွက် ဒီပွဲစဉ်ကလုံးဝကိုရှုံးနိမ့်လို့မရတဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် one championship နဲ့ လမ်းခွဲရဖို့များနေပါတယ်။ ဂျာရတ်ချိုင်းနဲ့ ပွဲစဉ်အတွက် သန့်ဇင် အချိန်အတော်ကြာ ပြင်ဆင်ခွင့်ရခဲ့ပြီး ဒီပွဲစဉ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပေးဆပ်မှုများမှာဖြစ်လို့ သန့်ဇင်တစ်ယောက် အသေအချာ အာရုံစိုက်ကစားရမဲ့ပွဲ ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *