ရွာပေါင်း ၈၉ ရွာမှ နေအိမ် ၅၀၀၀ နီးပါးမီးရှိဖျက်ဆီးခံရ‌ကြောင်း Data for Myanmar ထုတ်ပြန်

Photos

ဧပြီ၊ ၃၊ ၂၀၂၆

အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှိဖျက်ဆီးမှုကြောင့် ၃ လတာကာလအတွင်း ကျေးရွာပေါင်း ၈၉ ရွာက အရပ် သားနေအိမ် ၅၀၀၀ နီးပါး မီးရှိဖျက်ဆီးခံလိုက်ရ‌တယ်လို Data for Myanmar က အစီအရင်ခံစာထုတ် ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၃ လတာကာလအတွင်း စစ်အုပ်စုကဦးဆောင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတိုမှာ ကျေးရွာ ပေါင်း ၈၉ ရွာက နေအိမ်စုစုပေါင်း ၄၇၄၈ လုံး မီးရှိခံခဲ့ရတာလို ဖော်ြပထားပါတယ်။

“စစ်တပ်ကစစ်ကြောင်းထိုးလာပြီဆိုရင် ရွာထဲကအိမ်တွေမီးရှိခံရပြီပဲ၊ လေယာဉ်နဲ့လည်း ဗုံးကြဲနေတော့ အများစုကရွာထဲမနေရဲကြတော့ဘူး၊ ပခုက္ကူက ငွေသောင်ရွာမီးရှိခံရတုန်းကဆိုရင် ရွာသားတွေပိတ်မိ ကုန်ကြသေးတယ်၊ အခုအနီးနားရွာတွေလည်းကုန်ပြီ၊ မရှိတော့တဲ့ကိုယ့်အိမ်ကိုတောင် ပြန်မကြည့်နိုင် ကြဘူး။” ဟု ပခုက္ကူဒေသခံတစ်ဦးက ပြောသည်။

၂၀၂၅ ဒီဇင်ဘာလ ၂၂ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြိုနယ် အိုင့်မရွာကို စစ်တပ်ကမီးရှိခဲ့ရာ နေအိမ် ၅၀၀ ကျော်အထိပျက်စီးရခဲ့ပြီး ပျက်စီးဆုံးရှုးမှုအများဆုံးဖြစ်ကြောင်း Data for Myanmar က ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလမတိုင်ခင်က စစ်တပ်ဦးဆောင်ကာ ရွေးကောက်ပွဲကျင်းပမယ့်မြိုရွာတွေမှာ လုံခြုံရေး တိုးမြှင့်ခဲ့ပြီး ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာများဆီကို စစ်တပ်နဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်း တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ စစ်တပ်က နေအိမ်တွေမီးရှိတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့တယ်လိုလည်း ဖော်ပြထား ပါတယ်။

Data for Myanmar အဖွဲဟာ စစ်အာဏာသိမ်းပြီးနောက် တပြည်လုံးကအကြမ်းဖက်ဖြစ်စဉ်တွေကို ‌သု တေသနပြုကာ အစီရင်ခံစာထုတ်ပြန်ပေးနေသည့် လွတ်လပ်သည့်အဖွဲအစည်းဖြစ်ကြောင်းလည်း သိရ ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း တစ်ပြည်လုံးတွင် မီးရှိဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် စုစုပေါင်း ၁၂၅,၃၂၈ လုံး မီးရှိဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ဖော်ပြ ထားပါတယ်။

Photo – မကွေးခရိုင်အမှတ် ၃ တပ်ရင်း
ပုံစာ – မီးရှိဖျက်ဆီးခံရတဲ့ပြရွာမှ ကျောင်းဆောင်တစ်ဆောင်

Leave a Reply

Your email address will not be published. Required fields are marked *