–
ဇွန် ၁၆၊ ၂၀၂၆
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို သောင်ရင်းမြစ်အနီး မှာ မြန်မာနိုင်ငံမြဝတီမြိုဘက် မှောင်ခိုပိုမယ် ဒီဇယ်ဆီ လီတာ ၃၆,၀၀၀ ကျော် တင်ဆောင်လာတဲ့ ကုန်တွဲကား၂စီး အပါအဝင် နောက်တွဲ၂စီးကို ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက မဲဆောက်မြို အာဏာပိုင်အဖွဲစုံက ဖမ်းဆီးရမိခဲ့ တယ်လို သတင်းထုန်ပြန်ထားပါတယ်။
ဒီကနေ့ မနက်ပိုင်းက မဲဆောက်အကောက်ခွန်ဌာန အကြီးအကဲ မစ္စတာယော့ဒ်ဖွန်ဝိချာကွန်ဦးဆောင်တဲ့စုံစမ်းထောက်လှမ်းရေးအဖွဲနဲ့ ဖမ်းဆီးနှိမ်နင်းရေးအဖွဲ၊ အကောက်ခွန်ထိန်းချုပ်ရေးဌာန၊ အကောက်ခွန်ဒေသ အမှတ် (၃) ရုံးကပူးပေါင်းအဖွဲတွေက စစ်ဆေး ဖမ်းဆီးခဲ့တာမှာ ကုန်ကားအမိုးစဖုံးထားတဲ့ ကုန်တွဲယာဉ် ၂ စီးထဲမှာ လီတာ ၁,၀၀၀ ဆံ့ ဒီဇယ်ဆီတိုင်ကီအလုံး ၄၀ ကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ဒီဇယ်ဆီ လီတာ ၃၆,၀၀၀ ကျော် ၊တန်ဖိုး ဘတ် ၁.၅ သန်းတန်ဖိုးရှိတယ်လို သိရပါတယ်။
အဲ့ဒီ ဒီဇယ်ဆီ တင်လာတဲ့ မှောင်ခိုကုန်တွဲယာဉ်တွေဟာသောင်ရင်းမြစ်အနီးအောက်ဂိတ်တွေကတစ်ဆင့် မြဝတီမြိုဘက် ပိုကူးဖို ပြင်ဆင်နေတာကို သံသယရှိရာက စစ်ဆေးတာမှာ ကုန်ကားလမ်းကြောင်းတစ်လျှောက်အကောက်ခွန်လုပ်ထုံးလုပ်နည်းများနဲ့ ဖြတ်သန်းသယ်ယူလာတာမျိုးအထောက်အထားစာရွက်စာတမ်းတွေမတွေ့ရတာကြောင့် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တယ်လို မဲဆောက်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းအာဏာပိုင်တွေ စုံစမ်းစစ်ဆေးချက်အရ ထိုင်းထုတ်ဒီဇယ်ဆီကို မြဝတီမြိုဘက်မှာ တစ်လီတာ ဘတ် ၁၀၀ ကျော် ဈေးကွက်ဝယ်လိုအားရှိနေတဲ့ အပေါ် ဆီမှောင်ခိုသွင်းနေတဲ့ ကွန်ယက်ကိုစောင့်ကြည့် ဖမ်းဆီးတာတွေလုပ်နေတာလို မဲဆောက်အာဏာပိုင်တွေကပြောပါတယ်။
အခုလို ဆီမှောင်ခိုရောင်းဝယ်သယ်ဆောင်ကြတဲ့
မှောင်ခိုကွန်ယက်လုပ်ကိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီး မှာဖြစ်ပြီး ထိုင်းနိုင်ငံအကောက်အခွန် ဥပဒေနဲ့ အရေးယူမှာဖြစ်သလို ဒေသခံတွေအနေနဲ့ မှောင်ခိုတင်သွင်းတာတွေတွေ့ရှိရင် သတင်းပေးကြရန် မဲဆောက်အာဏာပိုင်တွေက
သတိပေးနှိးဆော်ထားတယ်လို PRM ကသိရပါတယ်။