ဒီဇင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျောက်ဆိပ်ကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး နေအိမ်တွေကို မွှေနှောက်ကာ အသက် ၂၀ကျော်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွတ်ပေးသေးဘူးလို့ ရေဖြူမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။…