ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်မှု ကာကွယ်ဖို့ အိမ်ခြေ ၁ သန်း ထိုင်းအစိုးရ ဆိုလာ တပ်ဆင်ပေးဖို့ စီစဉ်

စက်တင်ဘာလ – ၃ ရက်
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုနဲ့အတူ ဓာတ်ငွေ့ရည် ဈေးနှုန်းမြင့်တက်မှုကို ကာကွယ်တဲ့အနေနဲ့ ထိုင်းအစိုးရက အိမ်ခြေ ၁ သန်းကို ဆိုလာတပ်ဆင်ပေးဖို့ စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီး အကနတ် ပရမ်ဖန်က စက်တင်ဘာ ၂ ရက်မှာ ပြောကြားပါတယ်။
ဒီစီမံကိန်းကို ဘတ် ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၀၁ ဘီလီယံခန့်) ရှိတဲ့ စွမ်းအင်ကူးပြောင်းရေး အရေးပေါ်ရန်ပုံငွေကနေ ငွေကြေးထောက်ပံ့မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဟာ သဘာဝဓာတ်ငွေ့ကနေ ၆၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ၁၀ ရာခိုင်နှုန်းခန့်သာ ပါဝင်နေတာပါ။
ဒီအစီအစဉ်အရ အိမ်တစ်အိမ်ကို ဘတ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၅၀၀ ခန့်) အထိ ထောက်ပံ့ပေးမှာ ဖြစ်သလို အတိုးနှုန်းနည်းပါးတဲ့ ချေးငွေပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဓါတ်ပုံ – Crd⁩

Leave a Reply

Your email address will not be published. Required fields are marked *